Saturday, February 28, 2015

ဘော်လီဘောပြိုင်ပွဲတွင် ရှမ်းအမျိုးသားအသင်းနှင့် ရန်ကုန်အမျိုးသမီးအသင်းတို့ ချန်ပီယံဖြစ်

'ဘော်လီဘောပြိုင်ပွဲတွင် ရှမ်းအမျိုးသားအသင်းနှင့် ရန်ကုန်အမျိုးသမီးအသင်းတို့ ချန်ပီယံဖြစ်
=============================

နေပြည်တော် ဖေဖော်ဝါရီ  ၂၈

အမျိုးသား   အားကစားပွဲတော် အမျိုးသား အမျိုးသမီးဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယနေ့နေ့လယ်ပိုင်းတွင်ဝဏ္ဏသိဒ္ဓိဘော်လီဘော လေ့ကျင့်ရေးရုံ၌ ကျင်းပရာ အမျိုး သားပြိုင်ပွဲ၌ ရှမ်းအသင်းက ရခိုင်အသင်းကိုလည်းကောင်း၊  အမျိုးသမီး ပြိုင်ပွဲ၌ ရန်ကုန်အသင်းက တနင်္သာရီ အသင်းကိုလည်းကောင်း  အနိုင်ရရှိ ခဲ့ကာ ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။

အမျိုးသမီးဗိုလ်လုပွဲတွင် ရန်ကုန်အသင်းက တနင်္သာရီအသင်းကို သုံးပွဲနှစ်ပွဲဖြင့် အကြိတ်အနယ်ကစားပြီး အနိုင်ရရှိခဲ့သည်။   ရန်ကုန် အသင်းမှာ ၂၂- ၂၅ မှတ်၊ ၂၅-၇ မှတ်၊ ၁၉-၂၅ မှတ်၊ ၂၅-၁၉ မှတ်၊ ၁၅-၈ မှတ်တို့ဖြင့်  အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အမျိုးသားဗိုလ်လုပွဲတွင် ရှမ်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းအသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရှမ်းအသင်းမှာ ပထမပွဲငယ်တွင် ၂၅-၁၈ မှတ်ဖြင့် အခက်အခဲမရှိ   အနိုင်ရရှိခဲ့သော်လည်း နောက်နှစ်ပွဲတွင် အနိုင်ရရန် ရုန်းကန် ခဲ့ရသည်။ ရခိုင်အသင်းမှာ ဒုတိယပွဲငယ်နှင့်  တတိယပွဲငယ်တို့တွင် အမှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ရှမ်းအသင်းက ၂၆-၂၄ မှတ်၊ ၂၅-၂၃ မှတ်တို့ဖြင့် ထပ်မံအနိုင် ရခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများတွင် အစဉ်အလာရှိသည့်  ရှမ်းအမျိုးသားအသင်းမှာ ယခုပြိုင်ပွဲတွင်လည်း ချန်ပီယံဖြစ်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် အမျိုးသား ပြိုင်ပွဲ၌ ပထမ ရှမ်း၊ ဒုတိယ ရခိုင်၊ ပူးတွဲတတိယ ရန်ကုန်နှင့် စစ်ကိုင်း၊ အမျိုးသမီးပြိုင်ပွဲ၌ ပထမ ရန်ကုန်၊ ဒုတိယ တနင်္သာရီ၊ ပူးတွဲတတိယ ရခိုင်နှင့် စစ်ကိုင်းတို့က ရရှိခဲ့သည်။

ဆုရရှိခဲ့သည့် အသင်းများကို အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။

သတင်းနှင့်ဓာတ်ပုံ-ချစ်ကိုကို' 

သတင်းနှင့်ဓာတ်ပုံ-ချစ်ကိုကို

၂ဝ၁၅ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်

'၂ဝ၁၅ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်

ရန်ကုန်  ဖေဖော်ဝါရီ  ၂၇

ရန်ကုန်မြို့တော်  စည်ပင် သာယာရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့  ချုပ်က ကြီးမှူး၍  KBZ Bank  က အဓိက ကူညီပံ့ပိုးပေးသော YCDC CUP OPEN GOLF CHAMPIONSHIP ၂ဝ၁၅ ဂေါက်သီးရိုက် ပြိုင်ပွဲ၏ နောက်ဆုံးနေ့ (၁၈)ကျင်း ပြိုင်ပွဲကို  ယနေ့တွင်  ရန်ကုန်မြို့   အင်းစိန်မြို့နယ်ရှိ  မြို့တော် ဂေါက်ကွင်း(မြကန်သာ)၌  ဆက်လက် ကျင်းပသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်း အနားကို  (ငွေသော်တာဂေါက်ကွင်း)တွင်ကျင်းပရာ နေ့အလိုက်အကောင်းဆုံး ရိုက်ချက်ဆုများကို မြန်မာပီဂျီအေ အတွင်းရေးမှူး  ဦးချမ်းဟန်က ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ ကော်မတီ ဝင် (၅)ဦးစိုးစည်က စုစုပေါင်းရိုက်ချက် ၂၂ဝ ဖြင့် တတိယရရှိသော မင်းနိုင်စိုး၊ စုစုပေါင်းရိုက်ချက်  ၂၁၉ ချက်ဖြင့် ဒုတိယရရှိသော မောင်မောင် ဦး၊ စုစုပေါင်းရိုက်ချက် ၂၁၈  ချက်ဖြင့်   ပထမရရှိသော  သိန်းနိုင်စိုး တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး   ဦးကျော်စိုးက Professional   အဆင့်တွင် စုစုပေါင်း ရိုက်ချက် ၂၁၃ ချက်ဖြင့် တတိယ ရရှိသော လှမျိုး (Mizuno)၊  စုစုပေါင်း ရိုက်ချက် ၂၁၂ ချက်ဖြင့် ဒုတိယ ရရှိသော စိုးကျော်နိုင်(HAN Golf Academy)၊ စုစုပေါင်း ရိုက်ချက် ၂ဝ၄  ချက်ဖြင့် ပထမရရှိသော  ဇော်ဇင်ဝင်း (HAN Golf Academy) တို့အား ဆုများ ပေးအပ်ချီးမြှင့်၍  ကမ္ဘောဇ ဘဏ်ကုမ္ပဏီများအုပ်စု အမှုဆောင် ဒါရိုက်တာ ဦးဖုန်းမြင့်ရွှေက ပထမဆု ရရှိသော ဇော်ဇင်ဝင်း (HAN Golf Academy)အား ဆုကြေးငွေ ချက်လက်မှတ်ကို ပေးအပ်ချီးမြှင့်သည်။

YCDC Cup  Open Golf Championship ၂ဝ၁၅ ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးအတွက် KBZ Bank  Ltd မှ အဓိကကူညီပံ့ပိုးပေးပြီး    Event Management အဖြစ် HAN  Event Management တို့က ထပ်မံပံ့ပိုးပေးကြောင်း သိရသည်။   (ဖိုးသော်ဇင်)'

ရန်ကုန် ဖေဖော်ဝါရီ ၂၇

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ ချုပ်က ကြီးမှူး၍ KBZ Bank က အဓိက ကူညီပံ့ပိုးပေးသော YCDC CUP OPEN GOLF CHAMPIONSHIP ၂ဝ၁၅ ဂေါက်သီးရိုက် ပြိုင်ပွဲ၏ နောက်ဆုံးနေ့ (၁၈)ကျင်း ပြိုင်ပွဲကို ယနေ့တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြို့တော် ဂေါက်ကွင်း(မြကန်သာ)၌ ဆက်လက် ကျင်းပသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်း အနားကို (ငွေသော်တာဂေါက်ကွင်း)တွင်ကျင်းပရာ နေ့အလိုက်အကောင်းဆုံး ရိုက်ချက်ဆုများကို မြန်မာပီဂျီအေ အတွင်းရေးမှူး ဦးချမ်းဟန်က ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ ကော်မတီ ဝင် (၅)ဦးစိုးစည်က စုစုပေါင်းရိုက်ချက် ၂၂ဝ ဖြင့် တတိယရရှိသော မင်းနိုင်စိုး၊ စုစုပေါင်းရိုက်ချက် ၂၁၉ ချက်ဖြင့် ဒုတိယရရှိသော မောင်မောင် ဦး၊ စုစုပေါင်းရိုက်ချက် ၂၁၈ ချက်ဖြင့် ပထမရရှိသော သိန်းနိုင်စိုး တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက Professional အဆင့်တွင် စုစုပေါင်း ရိုက်ချက် ၂၁၃ ချက်ဖြင့် တတိယ ရရှိသော လှမျိုး (Mizuno)၊ စုစုပေါင်း ရိုက်ချက် ၂၁၂ ချက်ဖြင့် ဒုတိယ ရရှိသော စိုးကျော်နိုင်(HAN Golf Academy)၊ စုစုပေါင်း ရိုက်ချက် ၂ဝ၄ ချက်ဖြင့် ပထမရရှိသော ဇော်ဇင်ဝင်း (HAN Golf Academy) တို့အား ဆုများ ပေးအပ်ချီးမြှင့်၍ ကမ္ဘောဇ ဘဏ်ကုမ္ပဏီများအုပ်စု အမှုဆောင် ဒါရိုက်တာ ဦးဖုန်းမြင့်ရွှေက ပထမဆု ရရှိသော ဇော်ဇင်ဝင်း (HAN Golf Academy)အား ဆုကြေးငွေ ချက်လက်မှတ်ကို ပေးအပ်ချီးမြှင့်သည်။
YCDC Cup Open Golf Championship ၂ဝ၁၅ ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးအတွက် KBZ Bank Ltd မှ အဓိကကူညီပံ့ပိုးပေးပြီး Event Management အဖြစ် HAN Event Management တို့က ထပ်မံပံ့ပိုးပေးကြောင်း သိရသည်။ (ဖိုးသော်ဇင်)

28.2.2015 မြန်မာ့အလင်း ကာတွန်း

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ ဒေသခံပြည်သူများ လမ်းလျှောက်ဆန္ဒထုတ်ဖော်

 'နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ
ဒေသခံပြည်သူများ လမ်းလျှောက်ဆန္ဒထုတ်ဖော်

စဥ့်ကိုင်   ဖေဖော်ဝါရီ   ၂၇

စဥ့်ကိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ရှင်သန်ရေးလိုလားသူ မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူ ၇ဝဝ ခန့်သည် ခွင့်ပြုချက်ရယူကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီရှင်သန်ရေးလိုလားသူ ဒေသခံလမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ပြည်သူများသည် ''ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ၂ဝ၁၅ ခုနှစ် ငြိမ်းချမ်းရေးဖော်ဆောင်မှု''  ကြွေးကြော်သံများ ကြွေးကြော်ကာ ''တည်ငြိမ်အေးချမ်းမှုဖျက်ဆီးသူ ဒို့ရန်သူ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးအမြန်ဆုံး လဲလှယ်ပေး၊ တည်ငြိမ်အေးချမ်း ဒီမိုကရေစီပန်း ပွင့်လန်းဝေဖြာ ပြည်သာယာ၊ ဒီမိုကရေစီဖြောင့်ဖြူးရေး ဥပဒေကိုလေးစားလိုက်နာပါ၊ တရားဥပဒေစိုးမိုးမှုရရှိရန် တည်ငြိမ်အေးချမ်းဖို့လိုသည်'' စသည့်ပိုစတာ များကိုင်ဆောင်ပြီး မြို့လယ်အဝိုင်း တောင်ဘက်တစ်ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း စတင်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထိုမှတစ်ဆင့် မြို့လယ်လမ်းအတိုင်း မြို့တွင်းသို့ ဝင်ရောက်ကာ မြို့မရပ်ကွက်၊ ရန်နိုင်ရပ်ကွက် လမ်းများမှ ရွှေကျီးနားကွင်းသို့ ဝင်ရောက်ခဲ့ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ နံနက် ၉ နာရီတွင် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြောင်း သိရသည်။ 

ထွန်းထွန်းနိုင်(ကျောက်ဆည်)'

ထွန်းထွန်းနိုင်(ကျောက်ဆည်)

လောက်ကိုင်မြို့တွင်း လုံခြုံရေးဆောင်ရွက်စဉ် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

'လောက်ကိုင်မြို့တွင်း လုံခြုံရေးဆောင်ရွက်စဉ် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

လောက်ကိုင်မြို့တွင်း တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွေစင်မြို့သစ် ရပ်ကွက်(၃)အဝိုင်း၌ မသင်္ကာဖွယ်ရာ အရပ်သား သုံးဦးအား တွေ့ရှိ၍ စစ်ဆေးခဲ့ရာ တာဇင်ကျိုင်းကျေးရွာနေ လီဆင်းဝ (၂၆)နှစ်(ဘ) ဦးလီဖျင်ချန်၊ ချိန်ရီ (၂၇)နှစ်(ဘ) ဦးချိန်ဝင်ဆင်းနှင့် ဝူကွန်းဟိုင်(၂၄)နှစ် (ဘ)ဦးဝူလျှောက် ဝါတို့အား အိုက်စ်အမှုန့်ဂရမ် ၃၅ဝ၊ အက်ဖက်တမင်းအဖြူမှုန့် ဂရမ် ၄၅ဝဝ ပါ  တစ်ထုပ်၊ တစ်ကီလိုဂရမ်ပါ တစ်ထုပ်၊  သုံးဂရမ်ပါ တစ်ထုပ်နှင့် WY စာတမ်းပါ  စိတ်ကြွရူးသွပ် ဆေးပြား  ၁၅၅ဝ  (စုစုပေါင်းကာလ တန်ဖိုးကျပ် ၁၃၂ သိန်းခန့်)နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းများက အဆောက်အအုံ တစ်လုံးကို ဝင်ရောက်ရှင်းလင်းခဲ့ရာ ယင်းအဆောက်အအုံအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၂ဝဝ (ကာလတန်ဖိုးကျပ် ၁၈ သိန်း ခန့်) ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံများနှင့် မူးယစ်ဆေးဝါးများကို လောက်ကိုင်မြို့ရှိ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ စနစ်တကျအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

(မြဝတီ)'

(မြဝတီ)

အူရီဒူးမြန်မာက တင်ဆက်သည့်ထာဝရတွဲလက်များ ဇာတ်လမ်းတိုကို ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်

'အူရီဒူးမြန်မာက တင်ဆက်သည့်ထာဝရတွဲလက်များ ဇာတ်လမ်းတိုကို
ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်ပြသမည်
==========================================

အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G  အင်တာနက်အကြောင်း မိုဘိုင်း ဖုန်းသုံးစွဲသူများ ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင်ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်းဖြစ်သည့် ''ထာဝရတွဲလက်များ'' ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထုတ်လွှင့်ပြီးသွားသည့် ပထမဇာတ်လမ်းတွဲဖြစ်သည့် ''သိရှိခံစား အချစ်စစ်စွမ်းအား'' အမည်ရှိ ရုပ်သံဇာတ်လမ်းကို MRTV, MRTV-4,  MWD, MWD Docu, MWD, 5 Network, Skynet Channel ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသလျက်ရှိသည်။  ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်ခဲ့သော ချစ်သူများနေ့မှစတင်၍ တင်ဆက်နေခြင်းဖြစ်ပြီး အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိသူ ချစ်သူနှစ်ဦး၏ ဇာတ်လမ်းတိုသုံးခုအနက်က ပထမဆုံး ''ဆုံတွေ့ခြင်း'' ကို ထုတ်လွှင့်တင်ဆက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဇာတ်လမ်းတွဲသည် ငယ်ရွယ်နုပျိုသော လူငယ်လေးနှစ်ဦး ဖြစ်သည့် ကိုထက်နှင့် မသီရိတို့၏ အင်တာနက်ကြောင့် ပေါက်ဖွားလာသော အချစ်စစ်တစ်ခုအကြောင်းပေါ်တွင် ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင် မျက်နှာသစ် သရုပ်ဆောင်ကလေးများ၏ အနုပညာအရည်အသွေးကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပြီး မြန်မာပြည်၏ အလှပဆုံးသော ရှုခင်းများ အသာယာဆုံးနေရာများကိုလည်း နောက်လာမည့် ဇာတ်လမ်းတိုများတွင် ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ကြော်ငြာဇာတ်လမ်းတွင် ပါဝင်သည့် ကိုထက်နှင့် မသီရိတို့၏ အချစ်ဇာတ်လမ်းသည် အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ Viber, Facebook, Video Calling  များ အသုံးပြုခြင်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချစ်ဇာတ်လမ်း၏ ရသကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ပေးစွမ်းနိုင်စေမှာဖြစ်သည်ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်းမန်နေဂျာ မသီရိကြာညိုက ပြောသည်။   (ဝဝ၂)'

အူရီဒူးမြန်မာ၏ မြန်ဆန်သော 3G အင်တာနက်အကြောင်း မိုဘိုင်း ဖုန်းသုံးစွဲသူများ ပိုမိုသိစေရန်အတွက် ဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားများတွင်ပြသလျက်ရှိရာ ဒုတိယဇာတ်လမ်းဖြစ်သည့် ''ထာဝရတွဲလက်များ'' ဇာတ်လမ်းတိုကို မကြာမီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထုတ်လွှင့်ပြီးသွားသည့် ပထမဇာတ်လမ်းတွဲဖြစ်သည့် ''သိရှိခံစား အချစ်စစ်စွမ်းအား'' အမည်ရှိ ရုပ်သံဇာတ်လမ်းကို MRTV, MRTV-4, MWD, MWD Docu, MWD, 5 Network, Skynet Channel ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသလျက်ရှိသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်ခဲ့သော ချစ်သူများနေ့မှစတင်၍ တင်ဆက်နေခြင်းဖြစ်ပြီး အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိသူ ချစ်သူနှစ်ဦး၏ ဇာတ်လမ်းတိုသုံးခုအနက်က ပထမဆုံး ''ဆုံတွေ့ခြင်း'' ကို ထုတ်လွှင့်တင်ဆက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဇာတ်လမ်းတွဲသည် ငယ်ရွယ်နုပျိုသော လူငယ်လေးနှစ်ဦး ဖြစ်သည့် ကိုထက်နှင့် မသီရိတို့၏ အင်တာနက်ကြောင့် ပေါက်ဖွားလာသော အချစ်စစ်တစ်ခုအကြောင်းပေါ်တွင် ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင် မျက်နှာသစ် သရုပ်ဆောင်ကလေးများ၏ အနုပညာအရည်အသွေးကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်ပြီး မြန်မာပြည်၏ အလှပဆုံးသော ရှုခင်းများ အသာယာဆုံးနေရာများကိုလည်း နောက်လာမည့် ဇာတ်လမ်းတိုများတွင် ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ကြော်ငြာဇာတ်လမ်းတွင် ပါဝင်သည့် ကိုထက်နှင့် မသီရိတို့၏ အချစ်ဇာတ်လမ်းသည် အူရီဒူး၏ မြန်နှုန်းမြင့် 3G အင်တာနက်ကို အသုံးပြု၍ Viber, Facebook, Video Calling များ အသုံးပြုခြင်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချစ်ဇာတ်လမ်း၏ ရသကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ပေးစွမ်းနိုင်စေမှာဖြစ်သည်ဟု အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်းမန်နေဂျာ မသီရိကြာညိုက ပြောသည်။ (ဝဝ၂)

ပျဉ်းမနားမြို့ လောကမာရဇိန်ဘုရား တပေါင်းပွဲတော်ကြီး စည်ကားစွာကျင်းပမည်

ပျဉ်းမနား ဖေဖော်ဝါရီ ၂၇

 နေပြည်တော် ပျဉ်းမနားမြို့ မြို့ကျက်သရေဆောင် ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်မြတ်ကြီး (၁၄၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သည်။
လောကမာရဇိန် ဘုရားပွဲတော်ကြီးကို ရှေးယခင်အဆက်ဆက်မှ ဒေသအစဉ်အလာ ရိုးရာအတိုင်း တပေါင်းလတွင် နှစ်စဉ်ကျင်းပလာခဲ့ရာယခု (၁၄၂)ကြိမ် ရောက်ရှိခဲ့ပြီး ပျဉ်းမနားမြို့၏ အစည်ကားဆုံး ဘုရားပွဲတော်ကြီးဖြစ်သည်။
ယခုနှစ် ဘုရားပွဲတော်ကြီးကို အထူးစည်ကားစွာ ကျင်းပမည်ဖြစ်ရာ ဈေးဆိုင်ခန်းများကို တိုးချဲ့ဆောက်လုပ်ပေးထားပြီး ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်း ရောင်းချမည့်ဆိုင်ခန်းများ၊ ကြွေထည်၊ မြေထည်၊ သောက်ရေအိုး၊စဥ့်အိုးဆိုင်များ၊ အညာဒေသ ထွက်ကုန်ဆိုင်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်ဖျာဆိုင်ကြီးများ၊ အဝတ်အထည်ဆိုင်များ၊ လက်မှုပစ္စည်း၊ လက်ယာသုံးပစ္စည်းဆိုင်များနှင့် မြန်မာ့ရိုးရာမုန့်ဆိုင်များ၊ (၁၂)ပွဲဈေးသည်များ စုံလင်စွာဖြင့် လာရောက်ရောင်းချကြမည်ဟု သိရသည်။
ဘုရားပွဲတော် ကျင်းပရာအနီးရှိ ကျေးရွာနေပြည်သူတစ်ဦးက ယခုကျင်းပသည့် ပွဲတော်ကြီးသည် ပျဉ်းမနားမြို့၏ အစည်ကားဆုံးပွဲတော် ကြီးဖြစ်ပြီး ပျဉ်းမနားမြို့ ဒေသခံများ၊ မြို့အရှေ့ဘက် မိုင်ပေါင်း ၄ဝ ကျော် ဝေးသောတောင်ပေါ်ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများနှင့် အနီးဝန်းကျင်မြို့များ၊ကျေးရွာများမှ ပြည်သူများ စောင့်မျှော်အားထားကြသည့် ဘုရားပွဲဖြစ် ကြောင်း၊ ကျေးရွာနေပြည်သူများမှာ တစ်နှစ်တစ်ခါကျင်းပမြဲ ဘုရားပွဲတော်ကြီးရောက်မှ မိမိအိမ်တွင် လိုအပ်သောပစ္စည်းများကို ဝယ်ယူကြသည့်ဒေသ အစဉ်အလာဓလေ့ကို ယနေ့တိုင် ကျင့်သုံးနေကြောင်း၊ တောင်သူလယ်သမားမိသားစုများက လယ်ယာသုံးပစ္စည်းများကို ယခုလိုပွဲတော်ကြီး အချိန်ရောက်မှသာလျှင် ဝယ်ယူလေ့ရှိကြောင်း ပြောကြားသည်။
လောကမာရဇိန် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ တေးသရုပ်ဖော်ပွဲများ၊ မျက်လှည့်၊ ကလေးအားကစားကွင်း၊ ချားရဟတ်များ၊ ဇာတ်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ လောင်းကစားဝိုင်း၊ လောင်းကစားဆန်သော ကစားနည်းမျိုးစုံ၊ လောင်းကစားဟု ယူဆရသော ကစားနည်းမျိုးစုံနှင့်ဥပဒေအရ ခွင့်မပြုသော လုပ်ငန်းအားလုံးကို စေတီတော်ဝတ္တကမြေနှင့် ပွဲတော်ကွင်းနေရာအသီးသီး၌ ရောင်းချသုံးစွဲပြုလုပ်ခြင်း မပြုလုပ်ကြရန် တပေါင်းပွဲတော်ကျင်းပရေးကော်မတီက အထူးပင်တားမြစ်ထားကြောင်းသိရသည်။
သတင်း-မျိုးဇေယျာ(ပျဉ်းမနား)
ဓာတ်ပုံ-စိုးမိုး(မူဆယ်)