Sunday, February 1, 2015

1.2.2015 မြန်မာ့အလင်း ကာတွန်း

သြစတြေးလျအိုးပင်း မာရေးနှင့်ဂျိုကိုဗစ် ဗိုလ်လုမည်

 
 
 Photo: သြစတြေးလျအိုးပင်း မာရေးနှင့်ဂျိုကိုဗစ် ဗိုလ်လုမည်
====================================

သြစတြေးလျဖလားကို ဆွတ်ခူး ဖို့ ဗြိတိသျှနာမည်ကြီး   တင်းနစ် ကစားသမား  အင်ဒီမာရေးကတော့ ဗိုလ်လုပွဲက စောင့်ကြိုနေပါပြီ။ သူဟာ သောမတ်ဘာဒစ်ကို အနိုင်ကစားပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။  မာရေးဟာ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ မှာ  လေးကြိမ်မြောက်ဗိုလ်လုပွဲတက် ခဲ့ခြင်းပါ။ အသက် ၂၇ နှစ်အရွယ်ရှိ တဲ့ မာရေးဟာ ဂျိုကိုဗစ်နဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။   လက်ရှိ ချန်ပီယံ စတန်ဝါရင်ကာဟာ ကမ္ဘာ့ နံပါတ်တစ် ဂျိုကိုဗစ်တို့  အကြိတ် အနယ်ယှဉ်ပြိုင်ခဲ့ပေမယ့်  ရှုံးနိမ့်ခဲ့ ပါတယ်။ မာရေးဟာ ချစ်သူ   ကင် ဆီးယားနဲ့  နည်းပြမော်ရက်စမိုတို့ ကြားမှာ ဗျာများနေသူပါ။  ချစ်သူရဲ့ အားပေးမှုနဲ့ပဲ   ဖလားဆွတ်ခူးနိုင် မလား၊  နည်းပြရဲ့ညွှန်ပြမှုနဲ့ဖလားယူ နိုင်မလားဆိုတာကတော့    မပြောနိုင် သေးပါဘူး။  ဒါပေမယ့်   ချစ်သူ ကင်ဆီးယားရဲ့ အားပေးမှုကတော့    သူ့အတွက်    အားဆေးလို့ဆိုရမှာ ပါ။    

တနင်္ဂနွေနေ့မှာ  မာရေးနဲ့  သြစ တြေးလျအိုးပင်း ဖလားဗိုလ်လုပွဲကြီးကို     ကြည့်ရှုရမှာ ဖြစ်ပါတယ်။  ဒီပွဲမှာ  မာရေးရဲ့ အကောင်းဆုံးပြိုင်ပွဲဖြစ်လာ လိမ့်မယ်လို့လည်း တင်းနစ်ဝါသနာ ရှင်များက မျှော်လင့်ထားပါတယ်။
ကောင်းမြတ်သူ
 
သြစတြေးလျဖလားကို ဆွတ်ခူး ဖို့ ဗြိတိသျှနာမည်ကြီး တင်းနစ် ကစားသမား အင်ဒီမာရေးကတော့ ဗိုလ်လုပွဲက စောင့်ကြိုနေပါပြီ။ သူဟာ သောမတ်ဘာဒစ်ကို အနိုင်ကစားပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။ မာရေးဟာ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ မှာ လေးကြိမ်မြောက်ဗိုလ်လုပွဲတက် ခဲ့ခြင်းပါ။ အသက် ၂၇ နှစ်အရွယ်ရှိ တဲ့ မာရေးဟာ ဂျိုကိုဗစ်နဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ စတန်ဝါရင်ကာဟာ ကမ္ဘာ့ နံပါတ်တစ် ဂျိုကိုဗစ်တို့ အကြိတ် အနယ်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ ပါတယ်။ မာရေးဟာ ချစ်သူ ကင် ဆီးယားနဲ့ နည်းပြမော်ရက်စမိုတို့ ကြားမှာ ဗျာများနေသူပါ။ ချစ်သူရဲ့ အားပေးမှုနဲ့ပဲ ဖလားဆွတ်ခူးနိုင် မလား၊ နည်းပြရဲ့ညွှန်ပြမှုနဲ့ဖလားယူ နိုင်မလားဆိုတာကတော့ မပြောနိုင် သေးပါဘူး။ ဒါပေမယ့် ချစ်သူ ကင်ဆီးယားရဲ့ အားပေးမှုကတော့ သူ့အတွက် အားဆေးလို့ဆိုရမှာ ပါ။

တနင်္ဂနွေနေ့မှာ မာရေးနဲ့ သြစ တြေးလျအိုးပင်း ဖလားဗိုလ်လုပွဲကြီးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ မာရေးရဲ့ အကောင်းဆုံးပြိုင်ပွဲဖြစ်လာ လိမ့်မယ်လို့လည်း တင်းနစ်ဝါသနာ ရှင်များက မျှော်လင့်ထားပါတယ်။
ကောင်းမြတ်သူ

မြန်မာနိုင်ငံ၏ ပထမဆုံးရေနံတင်ဆိပ်ကမ်း

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

 ကမ္ဘာ့နိုင်ငံများအနေဖြင့် စက်မှုနိုင်ငံအဖြစ်တက်လှမ်းကြရာတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် ရုပ်ကြွင်းလောင်စာစွမ်းအင်များ ဈေးနှုန်းသက်သာစွာရရှိရေး အပြိုင်ကြိုးပမ်းလေ့ရှိပါသည်။ စွမ်းအင်လောင်စာဆီများ ဈေးနှုန်းသက်သာစွာရရှိရေး ကမ္ဘာအနှံ့ မြေပေါ်ရေအောက် ရေနံနှင့်သဘာဝဓာတ်ငွေ့များ အပြိုင်ရှာဖွေ ကြိုးပမ်းနေချိန် ရေနံနှင့်သဘာဝဓာတ်ငွေ့များ အလွယ်တကူ သယ်ယူပို့ဆောင်ပေးနိုင်မည့် ရေနံတင်ဆိပ်ကမ်းနှင့်ရေနံပိုက်လိုင်း များသည်လည်း စီးပွားရေးအရ အရေးကြီးသည့်လုပ်ငန်းတစ်ရပ် ဖြစ်လာပါသည်။

ဤသို့ ရေနံတင်ဆိပ်ကမ်းများသည် စီးပွားရေးအရ အရေးကြီးနေချိန် မြန်မာနိုင်ငံ၌ ပထမဆုံးသော ရေနံတင်ဆိပ်ကမ်းကြီးတစ်ခုကို ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် မဒဲကျွန်း၌ အောင် မြင်စွာတည်ဆောက်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။ ဤရေနံတင် ဆိပ်ကမ်းကြီးကို နိုင်ငံတော်အစိုးရနှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း (South East Asia Pipeline)တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂ဝ၁၁ ခုနှစ်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကာ ၂ဝ၁၅ ခုနှစ်တွင် အဓိကလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပါသည်။ ယခုအခါ အကြိုဖွင့်ပွဲနှင့်ရေနံပိုက်လိုင်းလုပ်ငန်းများ ကနဦးစတင်ဆောင်ရွက်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါအခမ်းအနား၌ ဒုတိယသမ္မတဦးဉာဏ်ထွန်းက ယခု စီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများပို့လွှတ် ပေးနိုင်ရန်သာမက ပြည်တွင်းသုံးစွဲမှုအတွက်ပါ ခွဲဝေပို့လွှတ် သွားမည်ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုပေးနိုင်မည့်အပြင် စီမံကိန်းဆောင်ရွက်သည့် ဒေသရှိ ပြည်သူ များကိုလည်း အကျိုးဖြစ်ထွန်းတိုးတက်စေမည်ဖြစ်၍ နိုင်ငံတော်နှင့် ဒေသခံပြည်သူများအတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

မဒဲကျွန်းရေနံတင်ဆိပ်ကမ်းကို အရှေ့တောင်အာရှရေနံ စိမ်းပိုက်လိုင်းနှင့်ပူးပေါင်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံရင်းနှီးမတည် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်မှအစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ဝ၄ ဘီလီယံပါဝင်ထား၍ အကျိုးအမြတ်များ နိုင်ငံတော်မှ ခွဲဝေခံစားရရှိနိုင်မည်ဖြစ်ပါသည်။ ဤစီမံကိန်းနှင့်အတူ အချင်း ၃၂ လက်မ၊ အရှည် ၇၇ ကီလိုမီတာခန့်ရှိ ရေနံစိမ်းပိုက် လိုင်းစီမံကိန်းကို တည်ဆောက်ခဲ့ပြီး ရခိုင်ပြည်နယ် မဒဲကျွန်းမှ စတင်ကာ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့ပါဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုကို ဖြတ်သန်းကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့အထိ ဆက်သွယ်ဖောက်လုပ်ထားသည်။

ဤရေနံတင်ဆိပ်ကမ်းမှတစ်ဆင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ရောက်ရှိလာသော ရေနံတင်သင်္ဘောများသည် ရေနံများသယ်ချ သိုလှောင်ကာ ပိုက်လိုင်းအသုံးပြု၍ စီမံကိန်းကာလမှာနှစ် ၃ဝ အတွင်းနှစ်စဉ် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့်ကို တရုတ်နိုင်ငံသို့ ပို့လွှတ်ပေးနိုင်မည့်အပြင် ပြည်တွင်းသို့လည်း ခွဲဝေပို့လွှတ်ပေးသွား မည်ဖြစ်ကြောင်းသိရပါသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ၌ ရေနံတင်ဆိပ်ကမ်းကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်သည့်အပြင် ရေနံတင်ချလုပ်ငန်းများနှင့် ပိုက်လိုင်းစောင့်ရှောက်မှုလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကာရေနံပိုက်လိုင်းဖြတ်သန်းရာ မြို့ရွာများတွင်လည်း ပိုမိုစည်ပင်ဖွံ့ဖြိုးအောင် ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ပါကြောင်း။ ။

ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်အဖွဲ့ အယုဒ္ဓယမြို့ စက်မှုဇုန်၌ ကြည့်ရှုလေ့လာ



 

နေပြည်တော် ဇန်နဝါရီ ၃၁


ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ခေတ္တတည်းခို သည့် Four Seasons Hotel မှ မော်တော်ယာဉ်များဖြင့်ထွက်ခွာခဲ့ကြရာ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် အယုဒ္ဓယမြို့ Rojana Industrial Park သို့ ရောက်ရှိကြသည်။

ထို့နောက် စက်မှုဇုန်အရောင်းမြှင့်တင်ရေးရုံးခန်းမ၌ Rojana Industrial Park မန်နေဂျင်းဒါရိုက်တာ မစ္စတာဂျေလပွန် ဝီနစ်ဗွက်က စက်မှုဇုန် အကျယ် အဝန်း၊ မြေအသုံးချမှုအခြေအနေ၊ စက်မှုဇုန်စတင်တည်ထောင်သည့်ခုနှစ်၊ မြေပိုင်ဆိုင်မှု အမျိုးအစား၊ အလုပ်သမားဦးရေ၊ စက်မှုဇုန်၌ ထုတ်လုပ် လျက်ရှိသည့် ပစ္စည်းအမျိုးအစားများ၊ အခြေခံအဆောက်အအုံ တည်ဆောက် ထားရှိမှု၊ ကုန်ပစ္စည်း ပို့ဆောင်လမ်းကြောင်း၊ ဇုန်ထိန်းသိမ်းမှုကုန်ကျစရိတ်၊ ဈေးကွက်ဖြန့်ဖြူးမှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံနေသည့်နိုင်ငံများ၊ ရေဆိုးသန့်စင် ပေးနေမှု၊ လူနေမှုအတွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးထားမှု၊ ဇုန်အတွင်း လျှပ်စစ်ဓာတ်အား၊ သဘာဝဓာတ်ငွေ့နှင့် ရေအလုံအလောက် ရရှိစေရေး ဆောင်ရွက်ပေးထားမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ က သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် Rojana Industrial Park အတွင်းရှိ အသေးစား၊ အလတ် စားစက်ရုံများ တည်ဆောက်ထားရှိ မှုနှင့် စက်ရုံများသို့ ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနေမှုတို့ကို မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ စက်မှုဇုန်ကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ပြီး မြေဧက ၁၅ဝဝဝ ကျယ်ဝန်းကာ အလုပ်သမားဦးရေ ၁၂ဝဝဝဝ အလုပ်ပေးထားနိုင်ကြောင်း သိရ သည်။ စက်မှုဇုန်တွင် ကားပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းအမျိုးမျိုး နှင့် စားသောက်ကုန်များကိုလည်း ထုတ်လုပ်လျက်ရှိပြီး စက်မှုဇုန် အတွင်း လျှပ်စစ်မီး၊ ရေ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ အိမ်ရာ၊ ဘဏ်၊ စား သောက်ဆိုင်များ၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ ထည့်သွင်း တည် ဆောက်ပေးထားကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် Panasonic Electric Works (Ayutthaya) Co, Ltd. သို့ရောက်ရှိကြရာ ဒါရိုက်တာ မစ္စတာ တာကူဂျီ ဆာဝါးဒါက စက်ရုံထုတ် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်နေမှုကို လိုက်လံရှင်းလင်း ပြသသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် F&N Dairies (Thai Land)Co,Ltd. သို့ ရောက်ရှိကြရာ ကုန်ထုတ်လုပ်ရေးဌာနမှူး မစ္စတာ ဝါဒါဒီ ပတ်ပီတက်က နို့အချောထွက် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေမှုတို့ကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲသည့် KHAO C.P Co;Ltd. ဆန်အရည်အသွေးမြင့် စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံဒုတိယဥက္ကဋ္ဌ မစ္စတာ ဆူရာချိုင်း ချိုင်ချက်နစီတီ ကန်က အရည်အသွေးမြင့်ဆန်တင် ပို့ရောင်းချနိုင်ရန်အဆင့်ဆင့် ဆောင် ရွက်နေမှုများကို ရှင်းလင်းပြသပြီး စက်ရုံအတွင်း လိုက်လံရှင်းလင်း ပြသသည်။

အဆိုပါအရည်အသွေးမြင့် ဆန် စက်ကို ၂ဝ၁၁ ခုနှစ်က တည်ဆောက် ထားပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၁ သန်း ၅ သိန်းကျော် အရည်အသွေး မြှင့်ပေးနိုင်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၂ဝ တွင် ထိုင်းနိုင်ငံ ဗန် ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေ ကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိ ကြသည်။

ဒုတိယသမ္မတနှင့် ကိုယ်စား လှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အတူ အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)

အိမ်ရှင်သြစတြေးလျအသင်း အချိန်ပိုသွင်းဂိုးဖြင့် အာရှဖလားဆွတ်ခူး

 
 
 Photo: အိမ်ရှင်သြစတြေးလျအသင်း အချိန်ပိုသွင်းဂိုးဖြင့် အာရှဖလားဆွတ်ခူး
========================

ဆစ်ဒနီ   ဇန်နဝါရီ   ၃၁

အာရှဖလား ၂ဝ၁၅ ဗိုလ်လုပွဲ ကို  ယနေ့ညနေပိုင်းတွင်  ဆစ်ဒနီ မြို့၌ တောင်ကိုရီးယားနှင့်သြစတြေး လျတို့    ယှဉ်ပြိုင်ကစားကြရာ သြစတြေးလျက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပြီး ဖလားဆွတ်ခူးခဲ့သည်။

အိမ်ရှင် သြစတြေးလျအသင်း ၏အဖွင့်ဂိုးကို ပထမပိုင်း ၄၅ မိနစ် တွင်  လူအွန်ဂိုက  သွင်းယူပေးခဲ့ သည်။   တောင်ကိုရီးယားအသင်း သည်  ချေပဂိုးရရှိရန်  ဖိအားပေး ကစားခဲ့ရာမှ ပွဲပြီးခါနီး မိနစ် ၉ဝ တွင် မင်ဆန်၏သွင်းဂိုးဖြင့်  သရေရလဒ် ယူထားနိုင်သည်။ အချိန်ပို မိနစ် ၃ဝ ထပ်မံကစားခဲ့ရာ ပွဲချိန် ၁ဝ၅ မိနစ်တွင်     ဂျိမ်းစ်ထရိုင်စီက ဂိုးသွင်းယူပေးပြီး  သြစတြေးလျတို့ အာရှဖလားကို   သိမ်းပိုက်နိုင်ခဲ့ သည်။

တတိယနေရာလုပွဲကို  ဇန်နဝါရီ ၃ဝ ရက် ညနေပိုင်းတွင်  အီရတ်နှင့် ယူအေအီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ယူအေအီးအသင်း သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာရှဖလား၂ဝ၁၅  ပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားဆုကို သြစတြေးလျမှ  မက်ဆီမိုလူအွန်ဂို ရရှိပြီး   အကောင်းဆုံး ဂိုးသမားဆု ကို  မက်သရူးရိုင်ယန်ရရှိခဲ့သည်။  ဂိုးသွင်းအများဆုံးဆုကို ယူအေအီး ကစားသမား  အလီမက်ကော့တ် က သွင်းဂိုးငါးဂိုးဖြင့် ရရှိခဲ့သည်။ 

အသန့်ရှင်းဆုံး  အသင်းဆုကို သြစတြေးလျ ထပ်မံရရှိခဲ့သည်။
သီဟ
 
ဆစ်ဒနီ ဇန်နဝါရီ ၃၁

အာရှဖလား ၂ဝ၁၅ ဗိုလ်လုပွဲ ကို ယနေ့ညနေပိုင်းတွင် ဆစ်ဒနီ မြို့၌ တောင်ကိုရီးယားနှင့်သြစတြေး လျတို့ ယှဉ်ပြိုင်ကစားကြရာ သြစတြေးလျက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပြီး ဖလားဆွတ်ခူးခဲ့သည်။

အိမ်ရှင် သြစတြေးလျအသင်း ၏အဖွင့်ဂိုးကို ပထမပိုင်း ၄၅ မိနစ် တွင် လူအွန်ဂိုက သွင်းယူပေးခဲ့ သည်။ တောင်ကိုရီးယားအသင်း သည် ချေပဂိုးရရှိရန် ဖိအားပေး ကစားခဲ့ရာမှ ပွဲပြီးခါနီး မိနစ် ၉ဝ တွင် မင်ဆန်၏သွင်းဂိုးဖြင့် သရေရလဒ် ယူထားနိုင်သည်။ အချိန်ပို မိနစ် ၃ဝ ထပ်မံကစားခဲ့ရာ ပွဲချိန် ၁ဝ၅ မိနစ်တွင် ဂျိမ်းစ်ထရိုင်စီက ဂိုးသွင်းယူပေးပြီး သြစတြေးလျတို့ အာရှဖလားကို သိမ်းပိုက်နိုင်ခဲ့ သည်။

တတိယနေရာလုပွဲကို ဇန်နဝါရီ ၃ဝ ရက် ညနေပိုင်းတွင် အီရတ်နှင့် ယူအေအီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ယူအေအီးအသင်း သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာရှဖလား၂ဝ၁၅ ပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားဆုကို သြစတြေးလျမှ မက်ဆီမိုလူအွန်ဂို ရရှိပြီး အကောင်းဆုံး ဂိုးသမားဆု ကို မက်သရူးရိုင်ယန်ရရှိခဲ့သည်။ ဂိုးသွင်းအများဆုံးဆုကို ယူအေအီး ကစားသမား အလီမက်ကော့တ် က သွင်းဂိုးငါးဂိုးဖြင့် ရရှိခဲ့သည်။

အသန့်ရှင်းဆုံး အသင်းဆုကို သြစတြေးလျ ထပ်မံရရှိခဲ့သည်။
သီဟ

Saturday, January 31, 2015

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၃ဝ 
 

မလေးရှားနိုင်ငံ ကိုတာကင်နာ ဘာလူးမြို့၌ ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၃ဝ ရက်တွင် ပြန်လည်ရောက်ရှိသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်အဝေးကို အာဆီယံ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းထမ်းဆောင် ခဲ့သည့် မလေးရှားနိုင်ငံက ၂ဝ၁၅ ခုနှစ်အတွက် ပွဲဦးထွက်အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရာ မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး ဒါတိုဆရီ အာနီဖာ ဟာဂျီအာမန် (Dato’ Sri Anifah Haji Aman) က သဘာ ပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်တို့ တက်ရောက်ခဲ့ကြသည်။

သီးသန့်အစည်းအဝေး၌ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံက ဦးစားပေးဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်(၈)ရပ်ကို တင်ပြ ခဲ့ပြီး ၂ဝ၁၅ ခုနှစ်အကုန်တွင် အာဆီယံအသိုက်အဝန်း အောင်မြင်စွာ တည်ထောင်နိုင်ရေးအတွက် အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားရေး၊ အာဆီယံ အစည်းအဝေးများကို ပိုမိုထိရောက် သွက်လက်စွာ ကျင်းပနိုင်ရေးနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို အရည်အသွေးနှင့် စွမ်းအားတိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ တာဝန် ယူစဉ်ကာလအတွင်း ထုတ်ပြန် ကြေညာခဲ့သည့် အာဆီယံအသိုက် အဝန်း ၂ဝ၁၅ အလွန် မျှော်မှန်းချက်ဆိုင်ရာ နေပြည်တော် ကြေညာစာတမ်းနှင့်အညီ အာဆီယံအသိုက် အဝန်း၂ဝ၁၅ ခုနှစ်အလွန် မျှော်မှန်းချက်ကို ရေးဆွဲနိုင်ရေးအတွက် ဖွဲ့စည်းမည့် အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ လုပ်ငန်းတာဝန်သတ်မှတ် ချက်များကို အတည်ပြုချမှတ်ခြင်း၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် အာဆီယံကို ဗဟိုပြုအချက် အချာကျမှုကို ထိန်းသိမ်းဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို ဆွေးနွေး ခြင်း၊ အာဆီယံအသိုက်အဝန်းဖြစ်ပေါ် လာပြီးနောက်တွင် အာဆီယံနိုင်ငံ မြို့တော်များတွင် တူညီသည့် စံတော်ချိန် (ASEAN Common Time) သတ်မှတ်ရေး မလေးရှား နိုင်ငံ၏ အဆိုပြုချက်အပေါ် ဆွေးနွေး ခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်မှုများကို ဆောင်ရွက်ခဲ့သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် အီရတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံများတွင် အကြမ်း ဖက်မှုများနှင့် လူမဆန်သည့်အပြုအမှု များကို ပြုလုပ်နေသော အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း အတည် ပြုထုတ်ပြန်ခဲ့သည်။

အစည်းအဝေး ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တာနာဆပ် ပတီမာပရာဂွန် (H.E. General Thanasak Patimapragorn) နှင့် လည်းကောင်း၊ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒါတို ရှရီ အာနီဖာ ဟာဂျီ အာမန်နှင့်လည်းကောင်း သီးခြား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်သည် ဇန်နဝါရီ ၂၉ ရက် တွင် မလေးရှားနိုင်ငံ၊ ကိုတာကီနာဘာ လူးမြို့မှ ကွာလာလမ်ပူမြို့သို့ ထွက်ခွာခဲ့ ပြီး ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာသံအမတ်ကြီးနှင့်သံရုံးဝန်ထမ်း များနှင့်တွေ့ဆုံခဲ့ပြီး သံရုံး၏လုပ်ငန်းနှင့် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ၏ အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ပေးရေးနှင့်ပတ်သက်၍ ဆွေးနွေး မှာကြားသည်။

(သတင်းစဉ်)

အန်ကောဝပ်ဘုရားကျောင်းတွင် ကိုယ်လုံးတီးဓာတ်ပုံများရိုက်ကူးခဲ့သော ပြင်သစ်နိုင်ငံသားများအား ဖမ်းဆီး

 
 
 
 
ဖနွမ်းပင် ဇန်နဝါရီ ၃ဝ

ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာကျော်ဘုရားကျောင်းတစ်ခုဖြစ်သည့် အန်ကောဝပ်ဘုရားကျောင်းဝင်းထဲတွင် ဝတ်လစ်စလစ်ဓာတ်ပုံများ ရိုက်ခဲ့သည့် ပြင်သစ်နိုင်ငံသား သုံးဦးကို လုံခြုံရေးအရာရှိများက ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီ ၂၉ ရက်က အန်ကောဝပ်ဘုရားကျောင်းဝင်း ရှိ ''ဘန်တေကိတ်ဒ်'' ဘုရားထဲတွင် အဆိုပါ ပြင်သစ် နိုင်ငံသားသုံးဦးကို တွေ့ရှိခဲ့ကြောင်း အန်ကောဝပ်ဘုရား ကျောင်းထိန်းသိမ်းစောင့်ရှောက်ရေး အစိုးရအေဂျင်စီ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

''အန်ကောဝပ်ဟာ ဘာသာရေးဆိုင်ရာနေရာပါ။ သူတို့တွေရဲ့ အပြုအမူတွေနဲ့ လုံးဝမအပ်စပ်ပါ ဘူး''ဟု ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခြင်းခံခဲ့ရသော နိုင်ငံခြားသားများသည် ပြင်သစ်လူမျိုးများဖြစ်ကြောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုံခြုံရေးအရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ ထိုကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ နေရာများ တွင် အချို့သောနိုင်ငံခြားသားများ၏ အပြုအမူများသည် ဒေသခံပြည်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု ¤င်းက ဆက်လက်ပြောသည်။

''သူတို့တွေရဲ့ အပြုအမူတွေက ယဉ်ကျေးမှုကို ထိခိုက်စေတယ်။ ဘယ်သူမှ ဘုရားကျောင်းဝင်းထဲမှာ ကိုယ်လုံးတီးဓာတ်ပုံရိုက်လို့မရပါဘူး'' ဟု ၎င်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

ဘုရားကျောင်းဝင်းထဲတွင် အာရှမိန်းကလေးများအား ကိုယ်လုံးတီးဓာတ်ပုံရိုက်ကူးကာ အွန်လိုင်းသို့တင်ခဲ့ပြီး နောက် ရက်အနည်းငယ်အကြာတွင် ၎င်းတို့အား ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ အန်ကောဝပ်ဘုရားကျောင်း ထိန်းသိမ်း စောင့်ရှောက်ရေးအစိုးရအေဂျင်စီက အဆိုပါ ပြင်သစ် နိုင်ငံသားသုံးဦးအား အမှုဖွင့်ထားသည်။ (အေပီ)