Thursday, August 4, 2016

ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်ရေး ဆွေးနွေး



Image may contain: 1 person , wedding
နေပြည်တော် သြဂုတ် ၃

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman သည် ယနေ့ ညနေ ၃ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ဆောင် ရွက်နေမှုများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသများရှိ IDPs များနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲ နေထိုင်ရေးနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment