Tuesday, March 29, 2016

''Apink''၏ တေးအယ်လ်ဘမ်သစ် ထုတ်လွှင့်

The Mirror Daily's photo.
တောင်ကိုရီးယားအမျိုးသမီးပေါ့ပ် တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''Apink''က တောင်ကိုရီးယားနိုင်ငံရဲ့ ယခုနှစ် နွေဦးကို အဖွဲ့ရဲ့ငါးခုမြောက် တေး အယ်လ်ဘမ်ဖြစ်တဲ့ ဂျပန်တေး အယ်လ်ဘမ်သစ်ကို ထုတ်လွှင့်ခြင်းဖြင့် ကြိုဆိုလိုက်ကြောင်း အမ်ဝေ့ဖ် ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
အဆိုပါတေးဂီတအဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ် ''Brand New Days''မှာ ရှည်လျားလှတဲ့ဆောင်းရာသီ ကို ကျော်ဖြတ်ခဲ့ကာ နွေဦးမှာ စိတ်သစ် လူသစ်နဲ့ ဘဝခရီးဆက် နိုင်ရန် စိတ်ခွန်အားတွေပေးစွမ်း သွားမယ့် တေးသီချင်းတွေပါဝင် ကြောင်းလည်း သိရပါတယ်။
''Brand New Days'' ဟာ ယင်း တေးဂီတအဖွဲ့ရဲ့ ပထမဦးဆုံးသော ဂျပန်ကိုယ်ပိုင်သံစဉ် တေးအယ်လ်ဘမ် ဖြစ်ပြီး ပရိသတ်တွေထံသို့ ကောင်းမွန် တဲ့ခံစားမှုတွေဖြစ်တဲ့ ရဲရင့်မှုနဲ့ စွမ်းအားတွေကို သယ်ဆောင်လာပေးမယ့် တေးအယ်လ်ဘမ်တစ်ခုလည်း ဖြစ်ပါတယ်။ ''Apink''ဟာ ယင်း တေးအယ်လ်ဘမ်နဲ့ ဂျပန်ပရိသတ် တွေကို ဆွဲဆောင်ကာ အဖွဲ့အတွက် ပရိသတ်တိုးဖို့ မျှော်လင့်နေပါတယ်။
လတ်တလောမှာ အဆိုပါတေးဂီတ အဖွဲ့ဟာ ပရိသတ်တွေနဲ့ လက်ခံ တွေ့ဆုံဖို့ အစီအစဉ်တွေရှိနေပြီး လာမယ့်ဧပြီလအတွင်း စင်ကာပူ နိုင်ငံက ပရိသတ်တွေကို သွားရောက် တွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment