Saturday, April 4, 2020

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများနှင့်တွေ့ဆုံ၍ လက




နေပြည်တော် ဧပြီ ၃
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကရင် ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferencing စနစ် ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန် ဆွေးနွေးသည်။

နှုတ်ခွန်းဆက်စကားပြောကြား

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက် ပဒုမ္မာ လမ်းမှ ဒေါ်သူဇာဦး၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှ ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်နှင့် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ရဲစခန်းဝင်းနေ ရဲတပ်ကြပ်ကြီး မင်းဇော်ဝင်းတို့က မြန်မာအလုပ်သမား များ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အများဆုံးပြန်လည်ဝင်ရောက်လာချိန်တွင် အကြီးမားဆုံးသော စိန်ခေါ်မှု၊ မြဝတီမြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာအလုပ်သမားများ၏ ကျန်းမာရေးဗဟုသုတနှင့် COVID-19 နှင့်ပတ်သက်၍ နားလည်လက်ခံမှုအခြေအနေ၊ မြန်မာအလုပ်သမားများ၏ ပူးပေါင်းဆောင်ရွက်မှု၊ နေရပ်ပြန်မြန်မာအလုပ်သမားများ၏ အနာဂတ် အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်မှုအခြေအနေနှင့် တွေ့ကြုံနေရသည့် အခက် အခဲများ၊ Quarantine ကာလပြီးမြောက်ပါက ကျန်းမာရေးထောက်ခံချက် ထုတ်ပေးရေး၊ ယာဉ်မောင်းများအား ကျန်းမာရေးအသိပညာပေးရေးနှင့် ကျန်းမာရေးအကာအကွယ်ပေးရေး၊ နေရပ်ပြန်မြန်မာနိုင်ငံသားများ အန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေး တင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြား ရာတွင် ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ COVID-19 ဖြစ်ပွားနေချိန်၌ တစ်ဦးနှင့်တစ်ဦး စိတ်ပိုင်းဆိုင်ရာစုစည်းမှု ပိုမိုလိုအပ်နေချိန်တွင် ရုပ်ပိုင်းဆိုင်ရာကို ခွာနိုင်သမျှခွာ၍ နေထိုင်ရန်လိုအပ်ပါကြောင်း၊ ယခုစိန်ခေါ်မှုကို အကောင်းဆုံးကျော်လွှားနိုင်ရန် အခြေအနေအရ ကန့်သတ်ချက်များကို ညီညီ ညွတ်ညွတ်ဖြင့် အားလုံးက ပူးပေါင်းဆောင်ရွက်နိုင်မည်၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာနိုင်မည်ဆိုလျှင် COVID-19 ပြန့်ပွားမှုကို လုံးဝရပ်ဆိုင်း၍ မရသော်လည်း ထိန်းမနိုင်သိမ်းမရသည့်အဆင့်သို့ မရောက်ရှိအောင် မိမိတို့အနေဖြင့် ထိန်းသိမ်း သွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် တစ်ဦးချင်း တစ်ဦးချင်း တာဝန်သိစိတ်ဖြင့် ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်အသိုင်းအဝိုင်းအတွက်၊ ကိုယ့်နိုင်ငံအတွက် ဝိုင်းဝန်းကြိုးစားကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်


No comments:

Post a Comment