Thursday, March 19, 2020

COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ




နေပြည်တော် မတ် ၁၈



COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၀) ကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် နှင့် အထူးဖိတ်ကြားထားသည့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဆက်အောင်၊ ဦးဗရတ်ဆင်းနှင့် ဦးတင်လတ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးအောင် နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌက COVID-19 ရောဂါ ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံးခံစားရသော လုပ်ငန်းကဏ္ဍများဖြစ်သည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများနှင့် အသေးစား၊ အလတ် စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုသရမည့်ကဏ္ဍအဖြစ် သတ်မှတ် ကာ မတည်ငွေတစ်ရပ်ဖြင့် COVID-19 FUND ထူထောင်သွားရန်နှင့် အဆိုပါ ရန်ပုံငွေဖြင့် COVID-19 ရောဂါကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရ သည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းများကို စီးပွားရေးထိခိုက် မှုအပေါ်မူတည်၍ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက် ရောက်လာကြသူများက COVID-19 ရောဂါကြောင့် လတ်တလော စီးပွား ရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများကို ကုစားရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ် များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment