Wednesday, June 26, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 4 people, people smiling, people sitting and indoor


နေပြည်တော် ဇွန် ၂၅


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အစီအစဉ်အောက် တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်ရေးကိစ္စ၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် အခမ်း အနားများ ပူးတွဲကျင်းပရန်ကိစ္စ၊ ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး ရေးကိစ္စနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ကူညီပံ့ပိုးရေးကိစ္စ၊ နေရပ်စွန့်ခွာသူများ အား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တွင် အာဆီယံမှ တိုးမြှင့်ကူညီဆောင်ရွက် ပေးမည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


သတင်းစဉ်

No comments:

Post a Comment