Thursday, June 27, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြား

Image may contain: one or more people and crowd


နေပြည်တော် ဇွန် ၂၆


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် မိန့်ခွန်းပြောကြားသည်။


အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ မြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ၊ သံအမတ်ကြီးများနှင့် စစ်သံမှူး များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်း ပြောကြားသည်။


(နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအား စာမျက်နှာ ၃ တွင် သီးခြားဖော်ပြထားပါသည်။)
သဝဏ်လွှာ ဖတ်ကြား
ထို့နောက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးမှ Regional Representative Mr. Jeremy Douglas က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။


ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ် အလွတ်တန်းပြိုင်ပွဲများဖြစ်သည့် ဝတ္ထုတို၊ ဆောင်းပါးနှင့် တေးသီချင်း ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူ သုံးဦး အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် သည်။


ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းပြိုင်ပွဲများ ဖြစ်သည့် ကဗျာ၊ ဓာတ်ပုံနှင့် ကွန်ပျူတာ ပိုစတာပြိုင်ပွဲများတွင် ပထမဆုရရှိသူ သုံးဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် သည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့၏ ဆောင်ရွက်ချက်ဗီဒီယိုကို ပြသ သည်။


ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ဥပဒေကြမ်း ကော်မတီဝင်များ၊ န်ိုင်ငံတကာသံတမန် များနှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအ္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဝင်များ နှင့် လည်းကောင်း၊ ဆုရရှိကြသူများနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။


လှည့်လည်ကြည့်ရှု

အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတသည် ဧည့်သည်တော်များနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ အတွင်း၌ ခင်းကျင်းပြသ ထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှင့်ပတ်သက်သည့် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါး နမူနာများ၊ စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ်သည့် စက်များ၊ မူးယစ်ဆေးဝါး စမ်းသပ်သည့် ကိရိယာများဖြင့် စမ်းသပ် စစ်ဆေးပြသမှုတို့ကို လှည့်လည်ကြည့်ရှု သည်။


မီးရှို့ဖျက်ဆီး

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် လှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝန်းတွင် တစ်ပြိုင်တည်း ကျင်းပခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှ ဖမ်းဆီး ရမိသော မူးယစ်ဆေးဝါးများကို ရန်ကုန် မြို့၊မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ် ဆေးဝါးများ၏ စုစုပေါင်းကာလတန်ဖိုး သည် ငွေကျပ် ၄၅၁၇၄၆ ဒသမ ၃၇၇၄၂ သန်းကျပ် (အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၁၆၄၂၅၁၇ သန်း) ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment