Thursday, May 2, 2019

အိန္ဒိယနိုင်ငံအနောက်ပိုင်း၌ မော်ဝါဒီသူပုန်များ ဗုံးဖောက်ခွဲမှုကြောင့် တပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး
Image may contain: shoes and outdoor
နယူးဒေလီ မေ ၁
အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် မေ ၁ ရက်က မော်ဝါဒီသူပုန်များက ပြုလုပ်ခဲ့သည်ဟု သံသယ ရှိသည့် ဗုံးဖောက်ခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွား ခဲ့ရာ အိန္ဒိယစစ်ရဲတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အစောပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု တစ်ခုအား စုံစမ်းစစ်ဆေးရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်တစ်စီးဖြင့် သွားလာနေသည့် ကွန်မန်ဒိုတပ်ဖွဲ့တစ်ဖွဲ့အား မော်ဝါဒီသူပုန်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ရကြောင်း မဟာရက်ရှ်ထရာပြည်နယ် ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
ရှာဖွေကယ်ဆယ်ရေးနှင့် ချေမှုန်းတိုက်ခိုက် ရေးစစ်ဆင်မှုများ လုပ်ဆောင်ရန် အခင်းဖြစ် နေရာသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ထားကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံတွင် အထွေထွေရွေးကောက် ပွဲများ ကျင်းပလျက်ရှိစဉ်အတွင်း မော်ဝါဒီ သူပုန်များက တိုက် ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်းရှိ ပြည်နယ်အချို့တွင် မော်ဝါဒီ သူပုန်များရှိနေပြီး နိုင်ငံတွင်း ကျင်းပနေသည့် ရွေးကောက်ပွဲလုပ်ငန်းများ ပျက်ပြားစေရန် မော်ဝါဒီသူပုန်များက တိုက်ခိုက်မှုများ မကြာ ခဏ ပြုလုပ်လေ့ရှိသည်။
မဟာရက်ရှ်ထရာပြည်နယ် ဂတ်ချီရိုလီခရိုင် တွင် ယင်းနောက်ဆုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးသည်ဟု အခြားရဲအရာရှိ တစ်ဦးက ပြောကြားသည်။
မော်ဝါဒီသူပုန်များက ဂတ်ချီရိုလီတွင် မော်တော်ယာဉ်အစီး ၃၀ ကျော်ကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မီးရှို့ခဲ့ကြောင်း၊ နောက်ထပ် ပေါက်ကွဲမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကို ဆက်လက်လုပ်ဆောင်နေကာ အပျက်အစီး များကို သေချာလေ့လာစိစစ်နေကြောင်း ဂတ်ချီရိုလီရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။ အိန္ဒိယအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်းရှိ ပြည်နယ်အချို့တွင် မော်ဝါဒီသူပုန်များနှင့်တိုက်ခိုက်မှုများ ဆယ်စုနှစ်အတန်ကြာကပင် ဖြစ်ပွားနေခဲ့သည်။ ယင်းသူပုန်များ၏တိုက်ခိုက် မှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံး ခဲ့ရသည်။
မော်ဝါဒီသူပုန်များသည် အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၂၀ ထက်မနည်းတွင် ရှိနေသည်ဟု ယုံကြည်ရပြီး ၎င်းတို့ အားကောင်းသည့် ပြည်နယ်များမှာ ချာတစ်ရှ်ဂါ၊ သြရိဿ၊ ဘီဟာ၊ ဂျက်ဂဟန်နှင့် မဟာရက်ရှ်ထရာတို့ဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment