Thursday, May 2, 2019

လူရည်ချွန်စခန်း(ငွေဆောင်) ဖွင့်ပွဲကျင်းပ
Image may contain: one or more people, crowd, tree, hat and outdoor
ငွေဆောင် မေ ၁
၂၀၁၈-၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များ၏ လူရည်ချွန်စခန်း (ငွေဆောင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်၌ ကျင်းပ သည်။
အခမ်းအနားကို လူရည်ချွန်မောင်မယ်များက ]]နောင်တစ်ခေတ်ရဲ့လူရည်ချွန်}} သီချင်းဖြင့် သီဆို ဖျော်ဖြေဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားသည်။ 
ဆက်လက်၍ အခြေခံပညာဦးစီးဌာန òန်ကြားရေး မှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
လူရည်ချွန်တံဆိပ်များ ပေးအပ်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုး အောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော် ခိုင်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအား လူရည်ချွန်တံဆိပ်များ ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် အား လူရည်ချွန်စခန်း (ငွေဆောင်) စခန်းမှူးနှင့် ၁၉၆၄- ၁၉၈၈ လူရည်ချွန်ကြီးများက စခန်းဖွင့်ပွဲအမှတ်တရ တံဆိပ်ကို ပေးအပ်ကြသည်။
ယင်းနောက် လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ပုသိမ်မြို့ရှိ ကျောင်းသူလေးတစ်ဦးက "ကျွန်တော့်ရည်မှန်းချက်" သီချင်း၊ လူရည်ချွန်မောင်မယ် များက "စခန်းနွေမွန်လူရည်ချွန်"သီချင်းတို့ကို ဂုဏ်ပြု သီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် ပုလဲငွေဆောင်ဟိုတယ်၌ လူရည်ချွန် မောင်မယ်များအား ွှှု ပညာရှင်များက နည်းပညာနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော ဗဟုသုတရဖွယ်ရာ များကို ဟောပြောပို့ချသည်။
ညပိုင်းတွင် ဟိုတယ်ကမ်းခြေ၌ လူရည်ချွန် မောင်မယ်များ၊ ပုသိမ်နှင့် ငွေဆောင်ရှိ ကျောင်းသား ကျောင်းသူလေးများက တေးသီချင်းများ၊ အကအလှများ ဖြင့် သီဆိုဖျော်ဖြေကြသည်။ သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-စိုးမင်းဦး(ပြန်/ဆက်))

No comments:

Post a Comment