Thursday, May 2, 2019

ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ဖြုတ်ချရန် ဆန္ဒထုတ်ဖော်မှုများ ပိုမိုပြင်းထန်လာ
Image may contain: one or more people and outdoor
ကာရာကတ်စ် မေ ၁ 
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွါအီဒိုက သမ္မတနီကိုလက်စ် မာဒူရိုအား ရာထူးမှဖြုတ်ချရေးအတွက် ပြည်သူတစ်ရပ်လုံးပါဝင်သော ဆန္ဒထုတ်ဖော်ပွဲကြီးကို ယနေ့ စတင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။ 
၎င်း၏တိုက်တွန်းနှိုးဆော်မှုကြောင့် ယနေ့ အလုပ် သမားနေ့တွင် ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲသည် ဗင်နီ ဇွဲလားနိုင်ငံ၏သမိုင်းတွင် အကြီးကျယ်ဆုံးဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ပြောကြားခဲ့သည်။
ထို့ပြင် အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ဆိုရှယ် လစ်ခေါင်းဆောင် သမ္မတမာဒူရိုအား ဖြုတ်ချရန် တပ်မတော်သားများအား ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ကြ ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက နိုင်ငံအတွင်း မငြိမ်သက်မှုများပြုလုပ်ရန် ပြည်သူတစ်ရပ်လုံးကို တိုက်တွန်းလျက်ရှိသော်လည်း သမ္မတမာဒူရိုက နိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းမှုရရှိရန် ထိန်းချုပ်နိုင်မည် ဖြစ်သည်ဟု ယုံကြည်ရသည်။
တပ်မတော်အဆင့်မြင့်အရာရှိများကလည်း အတိုက် အခံခေါင်းဆောင် ဂွါအီဒိုအား ထောက်ခံပါကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားများကို ဖော်ပြခဲ့ကြသည်။ မေ ၁ ရက်တွင် ခေါင်းဆောင်ဂွါအီဒိုက မိန့်ခွန်းပြောကြား ခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်သူများက မြို့တော် ကာရာ ကတ်စ်ရှိ လမ်းမများပေါ်သို့ထွက်ကာ သမ္မတမာဒူရိုအား နုတ်ထွက်ပေးရန် တောင်းဆိုကြပြီး ခဲလုံးများဖြင့် လုံခြုံရေး အရာရှိများအား ပစ်ပေါက်ခဲ့ကြသည်။ လက်ရှိဖြစ်ပေါ်နေသော အုံကြွမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် တပ်မတော်သား ၂၅ ဦးသည် ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ဘရာဇီးသံရုံးတွင် ခိုလှုံခွင့်တောင်းခံထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ရုရှားနှင့် ကျူးဘားနိုင်ငံတို့အား သမ္မတမာဒူရိုအား ထောက်ပံ့ပေးမှုများကို ရပ်တန့်ပစ်ရန် တိုက်တွန်းပြော ကြားခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ၏ အခွင့်အာဏာကို ခေါင်းဆောင် ဂွါအီဒိုလက်သို့ အမြန်ဆုံးလွှဲပြောင်းရန် ပြောကြားခဲ့ ကြောင်း သိရသည်။ အေအက်ဖ်ပီ

No comments:

Post a Comment