Thursday, May 2, 2019

ထရီပိုလီမြို့၌ဖြစ်ပွားသည့် တိုက်ခိုက်မှုများအတွင်း လူပေါင်း ၄၂၀ဝ၀ ကျော် နေအိမ်များ စွန့်ခွာထွက်ပြေးရ
Image may contain: 2 people, outdoor
ထရီပိုလီ မေ ၁
လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လူပေါင်း ၄၂၀ဝ၀ ကျော်တို့သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(ယူအင်န်အိတ်ချ်စီအာရ်)က ဧပြီ ၃၀ ရက်တွင် ပြောကြားသည်။
အမြောက်များဖြင့် ပစ်ခတ်မှုများနှင့် ပြင်းထန်သောပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပျက်စီးမှုများနှင့် နေအိမ် များမှ စွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထရီပိုလီမြို့တော်တွင် ယခုလအစောပိုင်းကတည်းက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေရသူဦးရေမှာ ၄၂၀ဝ၀ ကျော် ရှိပြီဖြစ်ကြောင်း ယူအင်န်အိတ်ချ်စီအာရ်၏ ကြေညာချက်တွင် ဖော်ပြသည်။
တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့်ဒေသများ၌ အခြေအနေဆိုးရွားမှုများ တိုးမြင့်လာနေပြီး ပြည်သူများသည် ၎င်းတို့၏နေအိမ်များမှ ထွက်ခွာရမည်ကို ကြောက်ရွံ့နေကြောင်း လစ်ဗျားအခြေစိုက် ယူအင်န်အိတ်ချ်စီအာရ်ရုံးအဖွဲ့က ပြောကြားသည်။
ယင်းဒေသများ၌ သောက်သုံးရေပြတ်လပ်ခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ စားနပ်ရိက္ခာများ၊ လောင်စာ ဆီနှင့် အခြားအရေးပါသော အခြေခံလူသုံးကုန်ပစ္စည်းများ ရှားပါးခြင်းတို့ဖြစ်ပေါ်လျက်ရှိသည်။ ခါလီဖာအက်ဖ်တာ ဦးဆောင်သည့် လစ်ဗျားအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့က ထရီပိုလီမြို့အား ပြန်လည်သိမ်းယူရေးအတွက် ဧပြီလအစောပိုင်း ကတည်းက စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မြို့တော်ထရီပိုလီမှာ ကုလသမဂ္ဂကထောက်ခံသည့် လစ်ဗျား အစိုးရအဖွဲ့၏ အခြေစိုက်ရာဒေသဖြစ်သည်။
မြို့တော်ထရီပိုလီ၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် လက်ရှိအချိန်တွင် သေဆုံးသူ ၃၄၅ ဦးနှင့် ထိခိုက် ဒဏ်ရာရသူ ၁၆၅၂ ဦးရှိကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ (ဒဗလျုူအိတ်ချ်အို)က ပြောကြားသည်။ ဆင်ဟွာ

No comments:

Post a Comment