Wednesday, May 1, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟားခါး - ဟာသာ -တောင်ခင်ရမ်းလမ်းနှင့် ဒေါင်ဗားချောင်းတံတား တည်ဆောက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး

Image may contain: 4 people, people standing, mountain, sky, tree, outdoor, nature and water
နေပြည်တော်   ဧပြီ   ၃၀

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ   ဆောင်ရွက်မှုအခြေအနေ  ကို ကြည့်ရှုစစ်ဆေးရန်  ဟားခါးမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည်  ယနေ့တွင် ဟားခါး-ဟာသာ-တောင်ခင်ရမ်း   လမ်းဖောက်ထားမှုနှင့် ဒေါင်ဗားချောင်း တံတားတည်ဆောက်နေမှုအခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတသည်    ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ် ဝန်ကြီးများ၊   တာဝန်ရှိသူများနှင့်အတူ   ဟားခါးမြို့မှ မော်တော်ယာဉ်များဖြင့်    ထွက်ခွာကြရာ      လမ်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများက ရိုးရာဓလေ့အတိုင်း  ဂုဏ်ပြုကြိုဆိုကြပြီး  ဒေသတွင်း လိုအပ်လျက်ရှိသည့်  ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အခြေအနေများကို တင်ပြကြရာ ဒုတိယ သမ္မတက  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ပေါင်းစပ် ညှိနှိုင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါး- ဟာသာ - တောင်ခင်ရမ်း လမ်းဖောက်လုပ်ထားမှု အခြေ အနေများကို   မော်တော်ယာဉ်များဖြင့်   ကြည့်ရှုစစ်ဆေး ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါး - ဟာသာ - တောင်ခင်ရမ်းလမ်း (၄၂ - ၄၃) ကီလိုမီတာ အကြား ဒေါင်ဗားချောင်းတံတား တည်ဆောက်ခြင်း စီမံကိန်းသို့   ရောက်ရှိပြီး  လုပ်ငန်းဆောင်ရွက်နေမှုနှင့် တံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ရှင်းလင်းဆောင်၌ တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁) မှ လက်ထောက်òန်ကြားရေးမှူး ဦးသန့်စင်က တံတားစီမံကိန်းဆိုင်ရာ အချက်အလက် များနှင့်   လုပ်ငန်းဆောင်ရွက်နေမှု   အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လုပ်ငန်းလိုအပ်ချက် များအပေါ်   တာဝန်ရှိသူများနှင့်   ပေါင်းစပ်ညှိနှိုင်းပေး သည်။

ဒေါင်ဗားချောင်းတံတားသည်  အရှည်ပေ ၂၅၀၊ အကျယ် ပေ  ၃၀ ရှိပြီး  စီမံကိန်းတန်ဖိုးအားဖြင့် ငွေကျပ်ကျပ် သန်း ၁၃၀၀ ခန့်မှန်းထားသည်။   အဆိုပါ စီမံကိန်းကို ၂၀၁၉ ခုနှစ်  ဧပြီ ၃ ရက်တွင်   စတင်ဆောင်ရွက်ပြီး   ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင် တံတားတစ်စင်း လုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍    လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးရဲလင်းက ဟားခါး - ဟာသာ - မှန်တော လမ်းဖောက်လုပ် နေမှုအခြေအနေများနှင့်     လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ်  ဒုတိယသမ္မတက အဆိုပါ လမ်းပိုင်းသည် မုံရွာ -ယာကြီး - ကလေး၀လမ်း နှင့် ဆက်စပ်နေသည့်အတွက် အိန္ဒိယနိုင်ငံနှင့် ကုန်စည် စီးဆင်းမှု ပိုမိုမြန်ဆန် သွက်လက်လာမည်ဖြစ်ပြီး ဟားခါး မြို့မှ အထက်မြန်မာပြည်သို့ သွားရောက်ရာတွင် အဓိက ကျသည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်း၊  လမ်းတာချဲ့ရန် လိုအပ်သော   အပိုင်းများကို   ၃၄ ပေအကျယ်အထိ ဆောင်ရွက်သွားရန်၊ အတက်/အဆင်း မတ်စောက်သည့် နေရာများကို   ပြေပြစ်အောင်    ဆောင်ရွက်သွားရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ် သည့် ဘဏ္ဍာငွေရရှိရေးအား ညှိနှိုင်းဆောင်ရွက်သွားရန် နှင့် လုပ်ငန်းနှောင့်နှေးမှု မရှိစေရေးနှင့် အရည်အသွေး ပြည့်မီစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်မှုများကို အလေးထားလုပ်ဆောင်သွားရန် မှာကြားသည်။
­
အဆိုပါ လမ်းလုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် ၂၀၁၇ - ၂၀၁၈  ဘဏ္ဍာနှစ်တွင်   ပေ ၂၀ အကျယ် လမ်းသစ်ဖောက်လုပ်ခြင်း ကိုးမိုင် နှစ်ဖာလုံ၊   ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် (ခြောက်လဘတ်ဂျက်)   လုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် ၃၄ ပေအကျယ် လမ်းတာချဲ့ခြင်း ၁၅ မိုင် နှစ်ဖာလုံ၊ ၃၄ ပေအကျယ် လမ်းသစ်ဖောက်ခြင်း လေးမိုင် ၀ ဖာလုံ၊ ရေထုတ်ပြွန်တည်ဆောက်ခြင်း ၃၃ လုံး၊  Gabion Wall တည်ဆောက်ခြင်း ၅၀၅ ကုဗမီတာ၊     ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်   လုပ်ငန်းဆောင်ရွက်မှုအနေဖြင့်     ၃၄ ပေ အကျယ် လမ်းတာချဲ့ခြင်း ငါးမိုင် ၇ ဒသမ ၅ ဖာလုံ၊ ၁၄ ပေအကျယ် အမာခံလမ်းခင်းခြင်း     နှစ်မိုင် လေးဖာလုံ နှင့် တစ်ကြောင်းထိုးဖောက်လုပ်ခြင်း၊   ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်   လုပ်ငန်းလျာထားချက်အနေဖြင့်   ၃၄ ပေ အကျယ် လမ်းဖောက်လုပ်ခြင်း  ခြောက်မိုင် ခုနစ်ဖာလုံ၊     ရေထုတ်ပြွန်တည်ဆောက်ခြင်း ကိုးလုံး၊      သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်း နှစ်စင်း၊     ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း ၁၆၄ ပေနှင့် တစ်ကြောင်းထိုးဖောက် လုပ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။       

သတင်းစဉ်


No comments:

Post a Comment