Thursday, April 25, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Zvezda ရုပ်သံဌာနနှင့် Russia Todayသတင်းဌာန၏မေးမြန်းမှု များဖြေကြား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်





Image may contain: 9 people, people standing and indoor
နေပြည်တော် ဧပြီ ၂၄



ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင်Radisson Collection ဟိုတယ်၌ Zvezda ရုပ်သံဌာနမှ သတင်းထောက်အား လက်ခံတွေ့ဆုံပြီး သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားသည်။
သတင်းဌာနလုပ်ငန်းများ ကြည့်ရှုလေ့လာ
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မော်စကိုမြို့ရှိ Main Direction of National Information Agency Russia သို့ ရောက်ရှိ ပြီး သတင်းဌာနအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုလေ့လာသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် Russia Today သတင်း ဌာနမှ သတင်းထောက်များ၏ မေးမြန်းမှုများအား ပြန်လည်ရှင်းလင်းဖြေကြားသည်။
တွေ့ဆုံအမှာစကားပြောကြား
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသော တပ်မတော်အရာရှိများအား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသား အရာရှိ များအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအလိုက် ကိုယ်စားလှယ်အရာရှိများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသား အရာရှိများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညပိုင်းတွင် Radisson Collec-tion ဟိုတယ်၌ (၈)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံသို့ ပါဝင်တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့များအား ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexan-der V. Fominက တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက် သည်။
မော်စကိုမြို့ ညအလှရှုခင်းကြည့်ရှု
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် မော်စကိုမြစ်တွင်းသွားသင်္ဘောဖြင့် မော်စကိုမြစ်အတွင်း လိုက်ပါစီးနင်းကြပြီး မော်စကိုမြို့၏ ညအလှရှုခင်းများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment