Thursday, April 25, 2019

(၃၄)ကြိမ်မြောက် အာဆီယံသဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကျင်းပ





Image may contain: 20 people, people smiling, text
မန္တလေး ဧပြီ ၂၄
 

 
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံသဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ Hilton Hotel ၌ ကျင်းပသည်။
ပူးပေါင်းဆောင်ရွက်မှု တန်ဖိုးထား
အစည်းအဝေးကို အာဆီယံသီချင်း ဖြင့် စတင်ဖွင့်လှစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့် အမှာစကားပြောကြားရာတွင် အာဆီယံနိုင်ငံများအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားပါကြောင်း၊ အဆိုပါ အပြန် အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည် ရင်းနှီးမှုတို့ဖြင့် မိမိတို့ အာဆီယံနိုင်ငံ များသည် နှစ်ပေါင်း ၄၀ ကျော် အတူတကွ တည်ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ လတ်တလောတွင် ဖိလစ်ပိုင်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီး မှုများအတွက် များစွာစိတ်မကောင်းဖြစ် ရပါကြောင်း၊ စာရင်းဇယားများအရ မိမိတို့နေထိုင်သည့် အာဆီယံဒေသတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဘေးအန္တရာယ် စုစုပေါင်း ၁၆၀၄ ကြိမ်ခန့်ဖြစ်ပွားခဲ့ပါကြောင်း၊ အာဆီယံ ဒေသသည် ဘေးန္တရာယ်များစွာ ကျရောက်လွယ်သည့် ဒေသဖြစ် သော်လည်း နိုင်ငံတကာမှ ပညာရှင် များ၏ လေ့လာသုံးသပ်ချက်များအရ ဘေးန္တရာယ် ဖြစ်ပွားမှုများသည့် အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဘေးန္တရာယ်များ ကို တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းများ မြင့်မား လာသည်ကိုတွေ့ရှိရပါကြောင်း။
အရေးပါသည့် ဆုံးဖြတ်ချက် ချမှတ်
မြန်မာနိုင်ငံအနေဖြင့် ဘေး န္တတရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း များကို ဆောင်ရွက်ရာတွင် နိုင်ငံအတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အာဆီယံသဘာ၀ ဘေးန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးနှင့် အခြားဆက်စပ် အစည်းအဝေးများကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပ ပြုလုပ် ရသည့်အတွက်လည်းများစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ သုံးရက်ကြာ ကျင်းပပြုလုပ်မည့် အစည်းအဝေးများမှ ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် အာဆီယံ လူမှုအသိုက်အဝန်းဖြစ်စေ ရေးအတွက် အရေးပါသည့် ဆုံးဖြတ်ချက် များကို ချမှတ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြား သည်။
ယဉ်ကျေးမှုအမွေအနှစ်များစွာရှိ
ထို့နောက် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးက မန္တလေးတိုင်း ဒေသကြီးသည် ယဉ်ကျေးမှုအမွေအနှစ် များစွာရှိပြီး သမိုင်းကြောင်းအစဉ် အလာမြင့်မားသည့် ဒေသတစ်ခုဖြစ် ပါကြောင်း၊ သို့ဖြစ်ရာအဆိုပါ အမွေအနှစ် များအား ဘေးအန္တရာယ်များမှ ကာကွယ် စောင့်ရှောက်နိုင်ရန်လည်း အရေးကြီး ပါ ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဖြစ်ပွားမှုများသည့် ဘေးအန္တရာယ်များ အတွက် လိုအပ်သည့် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် မြေပြင်တွင်လည်း လက်တွေ့အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ သဘာ၀ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများအတွက် အစိုးရ အဖွဲ့အစည်းများသာမက အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အင်အားကိုပါ ရယူဆောင်ရွက်လျက်ရှိ ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း၏ ဒုတိယ အတွင်းရေးမှူးချုပ် H.E. Mr. Kung Phoak က အမှာစကား ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်၍ ပိတ်သိမ်းလိုက်သည်။
အစီရင်ခံစာ မိတ်ဆက်
ထို့နောက် UNESCAP ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့် ပြုစုထားသည့် အာဆီယံနိုင်ငံများအတွင်း မိုးခေါင်ရေရှားမှု ဘေးအန္တရာယ် လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာအား မိတ်ဆက် ဖြန့်ချိခြင်းကို ဆောင်ရွက်သည်။
သုံးရက်ကြာ ကျင်းပမည်
အဆိုပါ (၃၄) ကြိမ်မြောက် အာဆီယံသဘာ၀ဘေးအန္တရာယ် စီမံ ခန့်ခွဲမှုကော်မတီ အစည်းအဝေးနှင့် အခြား ဆက်စပ်အစည်းအဝေးများကို ဧပြီ ၂၄ ရက်မှ ၂၆ရက် အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံသဘာ၀ ဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာ ကူညီမှု ပေါင်းစပ်ညှိနှိုင်းရေးဌာန (AHA Centre)၊ အာဆီယံအပေါင်း သုံးနိုင်ငံများ၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းအောက်ရှိ ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့ အစည်းများမှ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment