Thursday, April 25, 2019

(၂၅) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက်ဆွေးနွေး





Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဧပြီ ၂၄




ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းသည် ထိုင်းနိုင်ငံ ဖူးခက်၌ ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်တို့ တွင် ကျင်းပသည့် (၂၅) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက် သည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီး များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး အစည်းအဝေး သဘာပတိအဖြစ် ထိုင်း နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ခေတ္တဝန်ကြီးနှင့် ဒုတိယဝန်ကြီး Ms. Chutima Bunyapraphasara တို့က ဆောင်ရွက်ကြသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည် ဖော်မှုကို သုံးသပ်ဆွေးနွေးခြင်းနှင့် အာဆီယံဒစ်ဂျစ်တယ်အသွင်ကူးပြောင်း မှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင် ရာ လုပ်ငန်းကော်မတီများသို့ လမ်းညွှန်ခြင်း၊ ဒေသတွင်းဘက်စုံ စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ညှိနှိုင်းရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲ ရေးကိစ္စရပ်တို့ကို အလေးပေးဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့် စပ်လျဉ်း၍ လက်ရှိအကောင်အထည်ဖော်နိုင်မှုအခြေ အနေ၊ စတုတ္ထအဆင့် စက်မှုပြုပြင် ပြောင်းလဲရေး(4IR) လုပ်ငန်းစဉ်များ အပေါ် အာဆီယံနိုင်ငံများ၏ အသင့် ဖြစ်မှုအခြေအနေနှင့် လိုအပ်ချက်များ၊ စည်းမျဉ်းအခြေခံ နိုင်ငံစုံ ကုန်သွယ် ရေးစနစ်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မှ ဆက်လက်ဦးဆောင်နိုင်ရေးအတွက် လတ်တလောနှင့် ရေရှည်ပြုပြင် ပြောင်းလဲရန် လိုအပ်နေမှုများကို ဆွေးနွေးခဲ့သည်။ ထို့ပြင် အာဆီယံ စီးပွား ရေး အသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံများသို့ သွားရောက် လေ့လာမှုအစီအစဉ်အား မြန်မာနိုင်ငံက ၂၀၁၉ ခုနှစ်တွင် လက်ခံဆောင်ရွက်ရန် အတည်ပြုပြောကြားသည်။
အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီ တို့၏ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၂ ရက်တွင် ကျင်းပခဲ့ရာ အာဆီယံ စီးပွားရေး အကြံပေးကောင်စီက ယင်းတို့ အဖွဲ့အစည်း၏ ၂၀၁၉ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် ပြည်တွင်း လုပ်ထုံး လုပ်နည်းများ ပြီးစီးသည့် အာဆီယံ နိုင်ငံများက အာဆီယံဝန်ဆောင်မှု ကုန်သွယ်ရေး သဘောတူစာချုပ်နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို ပြင်ဆင်သည့် စတုတ္ထအခြေပြ စာချုပ်တို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment