Wednesday, April 24, 2019

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသားအဆင့်အစီရင်ခံစာပြုစုရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်န်ိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ




Image may contain: 4 people
နေပြည်တော် ဧပြီ ၂၃



သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသားအဆင့် အစီရင် ခံစာပြုစုရေးဆွဲရေးစီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးအတွက် မှန်လုံအိမ်ဓာတ်ငွေ့ စစ်တမ်းကောက်ယူ ခြင်း၊ စွန့်ပစ်ပစ္စည်း ကဏ္ဍဆိုင်ရာ အချက် အလက်ကောက်ယူခြင်းနှင့် အချက် အလက်များအပေါ် ဆန်းစစ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မောင်းကွတ်ဘုရင့်တက္ကသိုလ် နှင့် ပူးပေါင်း၍ အဆိုပါ ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ကတိကဝတ်များ သဘောတူ
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်း (United Nations Framework for Climate Change Convention-UNFCCC) အဖွဲ့ဝင် နိုင်ငံများသည်မှန်လုံအိမ်ဓာတ်ငွေ့ များဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုဒ် ဓာတ်ငွေ့အပါအဝင် ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် ဟိုက်ဒရို ဖလူရို ကာဗွန်ဓာတ်ငွေ့များကို စွမ်းအင်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော နှင့်အခြားမြေအသုံးချမှုနှင့် စွန့်ပစ်ပစ္စည်း ကဏ္ဍများတွင် စစ်တမ်းကောက်ယူပြီး UNFCCC ကို လေးနှစ်တစ်ကြိမ်မှန်မှန် တင်ပြကြရန် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ နိုင်ငံတကာကတိကဝတ်များ အဖြစ် သဘောတူ ဆောင်ရွက်လျက်ရှိကြ ကြောင်း။
အကြံပြုချက်များ ရရှိနိုင်
မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၉၄ ခုနှစ်တွင် UNFCCC ၏ အဖွဲ့ဝင် နိုင်ငံ အဖြစ်ပါဝင်ခဲ့ပြီး ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကနဦး အမျိုးသားအဆင့်အစီရင် ခံစာကို ၂၀၁၂ ခုနှစ်တွင် UNFCCC အတွင်းရေးမှူးရုံးသို့ တင်ပြခဲ့ပြီးဖြစ် ကြောင်း၊ ယခုပြင်ဆင်ရေးသားနေသော ဒုတိယအကြိမ် အမျိုးသားအဆင့် အစီရင် ခံစာအနေဖြင့် မှန်လုံအိမ်ဓာတ်ငွေ့ စစ်တမ်းကောက်ယူ ခန့်မှန်းတွက်ချက်မှု များကို ပြုစုဆောင်ရွက်လျက်ရှိရာ တွက်ချက်မှုအဆင့်ဆင့်၊ နည်းလမ်း အမျိုးမျိုးနှင့် မှန်ကန်မှုရှိ/ မရှိကို ပြင်ပ ပညာရှင်/အဖွဲ့အစည်းများကို ဖိတ်ခေါ် ပြီး လေ့လာသုံးသပ်စိစစ်ရန်၊ ပိုမို ကောင်းမွန်စေမည့် အကြံပြုချက်များ ရရှိနိုင်ရန် ဤအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။
မှန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာNational Communication အစီရင် ခံစာသည် မှန်လုံအိမ်ဓာတ်ငွေ့စစ်တမ်း များကို စဉ်ဆက်မပြတ် ကောက်ယူ ဆန်းစစ်ကာ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးကို ပါရီသဘော တူညီချက်၏ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်ဆောင်နေခြင်း ဖြစ်ပြီး အစီရင်ခံစာများမှ ရရှိလာမည့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် စုပ်ယူမှုပမာဏ၊ လျှော့ချရေးနှင့် လိုက် လျောညီထွေဖြစ်စေရေးလုပ်ငန်းစဉ်များ သည် ပါရီသဘောတူညီချက်အရ မြန်မာ နိုင်ငံအနေဖြင့် အကောင်အထည်ဖော် ရမည့် နိုင်ငံအခြေအနေနှင့် သင့်လျော် သည့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ဆိုင်ရာလုပ်ငန်း အစီအစဉ်ပြင်ဆင် ရေးဆွဲရေးအတွက် အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း ပြောကြား သည်။
အခမ်းအနားသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊King Mongkut’s University of Technology Thonburi (KMUTT)၊ Joint Graduate School of Energy and Environment (JGSEE) မှ တွဲဖက် ပါမောက္ခ Dr. Sirintornthep Tow prayoon အပါအဝင် အခြားပါမောက္ခ များ၊ မာစတာနှင့် ပါရဂူကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး အလုပ် ရုံ ဆွေးနွေးပွဲကို ဧပြီ ၂၆ ရက်အထိ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment