Monday, December 3, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Image may contain: 9 people, people smiling, people standing and suit

နေပြည်တော် ဒီဇင်ဘာ ၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့၌ ကျင်းပသည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး ဒီဇင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲ တွင် အထူးလေယာဉ်ဖြင့် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ မှ နေပြည်တော်သို့ ထွက်ခွာကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့အားနီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး မစ္စတာ အစ်ရှ်ဝါ ပိုကာရယ်၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် မြန်မာ နိုင်ငံဆိုင်ရာ နီပေါဖက်ဒရယ် ဒီမို ကရက်တစ်သမ္မတနိုင်ငံ သံအမတ် ကြီး၊ မြန်မာသံရုံးမိသားစုများနှင့် တာဝန်ရှိသူများက ကတ္တမန္ဒူးမြို့ ထရီဗူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ကြရာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံရုံး ယာယီတာဝန်ခံနှင့် တာဝန်ရှိသူ များက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများလည်း ပြန်လည်လိုက်ပါလာ ကြသည်။
သတင်းစဉ်

No comments:

Post a Comment