ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
''ဆရာ''
''ဗျာ''
''ဆရာမျက်နှာမကောင်းပါလား''
''အေးဗျာ''
''ပူပင်သောကများ ရှိနေလို့လား''
''အေးဗျာ''
''တရားဓမ္မနှင့် ဖြေကြည့်ပါလားဆရာ''
''အေးဗျာ''
''ဆရာကလည်း အေးဗျာတွေချည်းပဲ''
''အေးဗျာ''
''ဘာလို့ အေးဗျာတွေချည်း ပြောနေရတာလဲ။ မရှင်း
ဘူး''
''သြော် - သောကဆိုတာကတော့ လူတိုင်းရှိတတ်
တာမျိုးပဲ။ အပူမီးလို့ခေါ်မလား''
''သောကကိုဘယ်လို ပြေပျောက်အောင်လုပ်ကြ
မှာလဲဆရာ''
''ဒီလိုလေဗျာ''

ဓမ္မနှင့်ကင်းကွာနေရခြင်း
ဓမ္မနှင့်ကင်းကွာနေရခြင်းသည် လွတ်ငြိမ်းမှုနှင့် ကင်းကွာပြီး နေရခြင်းဖြစ်၏။
(စာရေးဆရာကြီး ပါရဂူ ဘာသာပြန်သော ငှက်ဓမ္မ
သဘင်စာအုပ်မှ အလွန်မှန်ကန်၍ နှစ်ခြိုက်ဖွယ်ကောင်း
လှသော စာပိုဒ်ဖြင့် နိဒါန်းပြုပါရစေ။)
သဘင်စာအုပ်မှ အလွန်မှန်ကန်၍ နှစ်ခြိုက်ဖွယ်ကောင်း
လှသော စာပိုဒ်ဖြင့် နိဒါန်းပြုပါရစေ။)
ဆရာကြီးပါရဂူ
စာရေးဆရာကြီး ပါရဂူသည် အလွန်ထင်ရှားသူ
ဖြစ်ပါ၏။ အတွေးအခေါ်စာပေများ ရေးသားသူဖြစ်ပါ၏။
စာပေရေးရာစုံလင်စွာ ကျွမ်းကျင်သူဖြစ်ပါ၏။
ကျွန်တော်ငယ်စဉ် ကျောင်းသားဘဝကတည်းက ဆရာ
ကြီးပါရဂူ၏ စာအုပ်များကို ဖတ်ဖူးပါ၏။ ဆရာကြီး၏
စာပေဟောပြောပွဲများသို့လည်း ရှာဖွေတက်ရောက်ခဲ့
ဖူးပါ၏။ ဆရာကြီး၏ စာကြည့်တိုက်သို့လည်း ရောက်ဖူးပါ
၏။ ဆရာကြီးပါရဂူ၏ စာအုပ်စာပေများကို ကျွန်တော်
လေးလေးစားစား ရှာဖွေဖတ်ရှုမိပါ၏။

ငှက်ဓမ္မသဘင်
ရန်ကုန်ရွှေစာပေတိုက်က ထုတ်ဝေသည့် စာရေး
ဆရာကြီးပါရဂူ ဘာသာပြန်သော ငှက်ဓမ္မသဘင် စာအုပ်
ကလေးမှာ သေးသေးကလေးဖြစ်ပါ၏။ ဤစာအုပ်သေး
သေးက ကျွန်တော်၏ရင်ကို အေးမြစေပါ၏။ သောကပွေ
သော အမှုအခင်းများကို ကျွန်တော်နေ့စဉ်ကြုံတွေ့နေရ
ပါသည်။ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေ
သော၊ မတရားသော ၊ အဂတိလိုက်စားသောအမှုများ၊ အဖြစ်အပျက်များကို နေ့စဉ်ကြားသိနေရပါ၏။ ဖတ်ရှု
နေရပါ၏။ သူများအပူ ကိုယ့်အပူဖြစ်နေပါ၏။ အပူတွေ
ကို ဘယ်လိုဖြေရှင်းရပါ့။ ဘယ်လိုကိုင်တွယ်ရပါ့။ စနစ်
တကျ ဖြေရှင်းပေးလိုပါ၏။ အေးချမ်းစေလိုပါ၏။ တရား
ဓမ္မသည်သာ အားကိုးရာဖြစ်ပါပေ၏။ ထိုအချိန် ထိုအခါ
တွင် ဆရာကြီးပါရဂူ၏ ငှက်ဓမ္မသဘင်စာအုပ်က များစွာ
သင်ပြပေးပေသည်။ သောကအပူမီးကို ငြိမ်းအေးပေးပေ
သည်။ ကျေးဇူးကြီးလှပေစွ။

တိဗက်စာပေ (ကျမ်းနှစ်ကျမ်း)
တိဗက်ရှေးဟောင်းစာပေ၌ ဓမ္မနှင့်ပတ်သက်သော ကဗျာအဖွဲ့အနွဲ့ အများအပြားပါဝင်ပါသည်။ အင်္ဂလိပ်
ဘာသာပြန်ထားသော တိဗက်ဓမ္မကဗျာ ကျမ်းနှစ်ကျမ်း
ရှိသည်ဆိုပါ၏-
တိဗက်ရှေးဟောင်းစာပေ၌ ဓမ္မနှင့်ပတ်သက်သော ကဗျာအဖွဲ့အနွဲ့ အများအပြားပါဝင်ပါသည်။ အင်္ဂလိပ်
ဘာသာပြန်ထားသော တိဗက်ဓမ္မကဗျာ ကျမ်းနှစ်ကျမ်း
ရှိသည်ဆိုပါ၏-
(၁) The Mila Grubum
(The Hundred Thousand Songs of Milarepa)
(The Hundred Thousand Songs of Milarepa)
(၂) Bya Chos rinchen phren-ba
(The Dharma among the Birds,
a precious garland )
(The Dharma among the Birds,
a precious garland )
(၃) ဓမ္မဆိုင်ရာ ဂန္ထဝင်ကဗျာများထဲက အကြီးကျယ်
ဆုံး ကဗျာကျမ်းတစ်ကျမ်းဖြစ်ပါသည်။
ဆုံး ကဗျာကျမ်းတစ်ကျမ်းဖြစ်ပါသည်။
တိဗက်မူရင်း ကဗျာစာအုပ်ကို ၁၉ဝ၄ ခုနှစ်
ကာလကတ္တားမြို့၌ ပုံနှိပ်ထုတ်ဝေသည်။ ယင်းကဗျာ
ကျမ်းကို နာမည်ကျော် ဗုဒ္ဓစာပေပညာရှင် အက်ဒွပ်
ကွန်ဇေက ၁၉၅၅ ခုနှစ်တွင် တိဗက်ဘာသာမှ အင်္ဂလိပ်
ဘာသာသို့ ပြန်သည်။ အင်္ဂလိပ်ဘာသာပြန်စာအုပ် အမည်မှာ " The Buddha's Law Among the Birds "
ဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်ကို ပထမဆုံး အင်္ဂလန်
၌ ထုတ်ဝေခဲ့သည်။ ငှက်ဓမ္မသဘင်သည် " The Buddha's
Law Among the Birds" ကို မြန်မာစကားပြေ ပြန်ထား
ခြင်းဖြစ်သည်။ ဓမ္မနှင့်ကဗျာကို ပေါင်းစပ်ထားသည်။ ၂ဝဝဝ ပြည့်နှစ်တွင် တိုင်းလင်းစာပေက ထုတ်ဝေသည်။ ကျွန်တော်နှစ်ခြိုက်မိသမျှ ကောက်နုတ်တင်ပြပါရစေ။

ရှေးရှေးတုန်းက
ရှေးရှေးတုန်းက ဘဒ္ဒကပ်ကမ္ဘာ ကာလအတွင်း
ဇမ္ဗူဒိပ်နှင့် တိဗက်နယ်စပ်၌ 'ရမ္မရတနာ' အမည်ရှိ
တောထူထပ်သည့် သာယာကြည်နူးဖွယ် တောင်တစ်
တောင်ရှိသည်။ တရားကျင့်ကြံ အားထုတ်ရာ ဆိတ်ငြိမ်
ဒေသဖြစ်သည်။ ကျေးငှက်များနေကြသည်။ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်စသောသတ္တဝါများသည်လည်း
ခုန်ပေါက်ပြေးလွှား ပျော်ပါးကစားနေကြသည်။ ကျောက်
ဆောင်များသည် တောင်၏ လေးဘက်လေးတန်ကို အလှ
ဆင်ထားကြသည်။ တောင်ခြေတစ်ခွင်၌မူ လင်းတ၊
လင်းယုန်နှင့် အခြားတော်ဝင်ငှက်များ ပျံသန်းနေကြ
သည်။ စမ်းချောင်းများ၊ ရေကန်များ၊ ရေအိုင်များ၊ ရေတံခွန်
များလည်း တည်ရှိနေကြသည်။ ကျောက်ဆောင်များနှင့် ရေခဲပြင်များမှ တသွင်သွင်စီးကျလာသောရေသည် ဝမ်းဘဲ၊ စင်ရော်စသော ရေငှက်များနှင့် ပနံရနေသည်။ ဥဒေါင်း၊ ကြက်တူရွေး၊ ကျီးကန်းစသော သစ်ပင်ပျော်ငှက်
များကြောင့်လည်း တောစိုး သစ်ပင်ထိပ်ဖျားများသည် တင့်တယ်လှပနေသည်။

ငှက်ဘုရင်
ထိုတော၌ ကျေးငှက်များကို တရားဓမ္မဟောပြရန်
အတွက် ငှက်ဘုရင်ဥသြငှက်သည် စန္ဒကူးပင်ကြီးတစ်ပင်
အောက်၌ နှစ်ပရိစ္ဆေဒကြာမြင့်စွာ တစ်နေ့လုံး တစ်ညလုံး
မလှုပ်မယှက် သမာဓိဝင်စားနေသည်။
အတွက် ငှက်ဘုရင်ဥသြငှက်သည် စန္ဒကူးပင်ကြီးတစ်ပင်
အောက်၌ နှစ်ပရိစ္ဆေဒကြာမြင့်စွာ တစ်နေ့လုံး တစ်ညလုံး
မလှုပ်မယှက် သမာဓိဝင်စားနေသည်။
(၄) တစ်နေ့သ၌ ကျေးသားတစ်ကောင်က ငှက်ဘုရင်
ဥသြငှက်ရှေ့ရောက်လာပြီး နှုတ်ခွန်းဆက်သလိုက်
သည်။
ဥသြငှက်ရှေ့ရောက်လာပြီး နှုတ်ခွန်းဆက်သလိုက်
သည်။
''ယနေ့အထိ တစ်နှစ်တာပတ်လုံး ဤစန္ဒကူးပင်
အောက်၌ စကားလည်းမပြော၊ လှုပ်လည်းမလှုပ်၊ တိတ်
ဆိတ်ငြိမ်သက်စွာ ဝပ်နေ၏။
အောက်၌ စကားလည်းမပြော၊ လှုပ်လည်းမလှုပ်၊ တိတ်
ဆိတ်ငြိမ်သက်စွာ ဝပ်နေ၏။
''တစ်စုံတစ်ခုသော အကြောင်းအရာသည် သင်၏ စိတ်နှလုံးကို အနှောင့်အယှက်ပြုနေပါသလော။
သင်၏ သမာဓိကို မည်သည့်အချိန်၌ အဆုံးသတ်ပြီး
လျှင် အစာအာဟာရအားလုံးထဲက အနံ့အရသာနှင့် အပြည့်စုံဆုံး ဤသစ်စေ့ကို သုံးဆောင်မည်နည်း။
လျှင် အစာအာဟာရအားလုံးထဲက အနံ့အရသာနှင့် အပြည့်စုံဆုံး ဤသစ်စေ့ကို သုံးဆောင်မည်နည်း။
ငှက်ဘုရင်က ပြန်ကြား
စကားအရာ လိမ္မြာ<ွကယ်ဝသော ''အို-ကျေးသား--- နားထောင်ပါလော့။
''ကျွန်ုပ်သည် ဘဝသံသရာအကြောင်းကို ဆင်ခြင်
စဉ်းစားနေ၏ ။ ဤဘဝသံသရာ၌ အနှစ်သာရ ဘာတစ်ခု
မှမတွေ့ရပေ။ ယခုအချိန်ထိ မျိုးဆက်သစ်တွေ တစ်ဆက်
ပြီးတစ်ဆက် ကွယ်လွန်သေဆုံးကြသည်ကိုသာ တွေ့မြင်
နေရ၏။
စဉ်းစားနေ၏ ။ ဤဘဝသံသရာ၌ အနှစ်သာရ ဘာတစ်ခု
မှမတွေ့ရပေ။ ယခုအချိန်ထိ မျိုးဆက်သစ်တွေ တစ်ဆက်
ပြီးတစ်ဆက် ကွယ်လွန်သေဆုံးကြသည်ကိုသာ တွေ့မြင်
နေရ၏။
''သတ္တဝါများသည် အစားအသောက်အတွက် အသတ်ခံကြရ၏။ မည်မျှသနားစရာကောင်းသနည်း။
''ခံတပ်များလည်း ပြိုကျပျက်စီးသွားမည်။ အသစ်ဆုံး
ခံတပ်သည်ပင် ပြိုကျပျက်စီးသွားပြီ။
ခံတပ်သည်ပင် ပြိုကျပျက်စီးသွားပြီ။
''မြေအဆောက်အအုံ၊ ကျောက်အဆောက်အအုံ
များလည်း ပြိုကျပျက်စီးသွားကြပြီ။ မည်မျှဝမ်းနည်း
ဖွယ်ကောင်းသနည်း။
များလည်း ပြိုကျပျက်စီးသွားကြပြီ။ မည်မျှဝမ်းနည်း
ဖွယ်ကောင်းသနည်း။
''ရန်သူများသည် သိုမှီးသိမ်းဆည်းထားသော ပစ္စည်း
များကို ကုန်ဆုံးပျက်စီးသွားအောင် လုပ်ပစ်လိုက်ကြပြီ။
ဤဥစ္စာဓနကို လောဘရမ္မက်ကြီးစွာဖြင့် စုဆောင်းသိုမှီး
ထားခြင်းသည် မည်မျှသနားစရာကောင်းသနည်း။
များကို ကုန်ဆုံးပျက်စီးသွားအောင် လုပ်ပစ်လိုက်ကြပြီ။
ဤဥစ္စာဓနကို လောဘရမ္မက်ကြီးစွာဖြင့် စုဆောင်းသိုမှီး
ထားခြင်းသည် မည်မျှသနားစရာကောင်းသနည်း။
''အရင်းနှီးဆုံးမိတ်ဆွေများနှင့် ကွဲကွာသွားရပြီး နောက်ဆုံးအဆင့်ရောက်သွားကြရပြီ။ မည်မျှသနား
စရာကောင်းသနည်း။
စရာကောင်းသနည်း။
''ကိုယ့်မိတ်ဆွေ ကိုယ့်သားသမီးများကို ခင်တွယ်ကြ
၏။ အရာဝတ္ထုအားလုံးသည် ရေပွက်ပမာ အနိစ္စတရား
များသာ ဖြစ်ကြ၏။
၏။ အရာဝတ္ထုအားလုံးသည် ရေပွက်ပမာ အနိစ္စတရား
များသာ ဖြစ်ကြ၏။
''အနှစ်သာရရှိသည့်အရာဝတ္ထု ဘာတစ်ခုမှ မတွေ့
ရပေ။
ရပေ။
''ကျွန်ုပ်သည် ယခု ယင်းလှုပ်ရှားမှုမှန်သမျှကို အားလုံး
စွန့်ပစ်လိုက်ပြီ။
စွန့်ပစ်လိုက်ပြီ။
''မိမိ၏ အဓိဋ္ဌာန်ခိုင်မာစေရန်အတွက် ဤငြိမ်းချမ်း
သော စန္ဒကူးပင်အောက်၌ ကျွန်ုပ်တစ်ကိုယ်တည်း တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ၏။ သမာဓိရအောင် တရားဘာဝနာ ပွားများနေ၏။
သော စန္ဒကူးပင်အောက်၌ ကျွန်ုပ်တစ်ကိုယ်တည်း တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ၏။ သမာဓိရအောင် တရားဘာဝနာ ပွားများနေ၏။
(၅) ''မိတ်ဆွေကျေးသား၊ ကျွန်ုပ်ပြောပြသော စကား
ကို ကြီးကြီးငယ်ငယ် ရွယ်ရွယ်စားစား ကျေးငှက်တွေ
အားလုံးအား တစ်ဆင့်ပြောပြပါလေ။ (စာ-၉)
ကို ကြီးကြီးငယ်ငယ် ရွယ်ရွယ်စားစား ကျေးငှက်တွေ
အားလုံးအား တစ်ဆင့်ပြောပြပါလေ။ (စာ-၉)
ကြီးကြီးငယ်ငယ်ရွယ်ရွယ်စားစား
အရပ်ရှစ်မျက်နှာ ကျေးငှက်များဖြစ်ကြကုန်သော ဥဒေါင်း၊ လင်းတ၊ ဘဲငန်း၊ ရစ်ဖြူ၊ ကြက်ဖ စသည့် ကြီးကြီးငယ်ငယ် ရွယ်ရွယ်စားစား ငှက်ပရိသတ်တို့သည် ဥသြငှက်ထံ ချဉ်းကပ်လာပြီး တရားဓမ္မဟောပြောရန် တောင်းပန်ကြသည်-
(၁) အဝိဇ္ဇာကို ခွင်းပစ်မည့် အလင်းရောင်ပေးပါရန်၊
(၂) ကိလေသာ အညစ်အကြေးမှန်သမျှကို ဖယ်ရှား
ပစ်မည့် တရားဓမ္မကို ဟောပြောရန် တောင်းပန်ကြခြင်း
ဖြစ်ပါ၏။ (စာ-၁၄)
ပစ်မည့် တရားဓမ္မကို ဟောပြောရန် တောင်းပန်ကြခြင်း
ဖြစ်ပါ၏။ (စာ-၁၄)
တရားဓမ္မ
''အနိစ္စတရားနှင့် မရဏတရားကို စဉ်းစားဆင်ခြင်
ရမည်။
ရမည်။
''မကောင်းမှုအကုသိုလ်ကို မည်သည့်နည်းနှင့်မျှ
မကျူးလွန်ပါနှင့်။
မကျူးလွန်ပါနှင့်။
''ရတနာသုံးပါးကို အချိန်မှန် ရှိခိုးဦးခိုက်ကြ လော့။
''တွယ်တာတပ်မက်မှု မှန်သမျှ ဖယ်ရှား
ဖျောက်ဖျက်ကြ။
''သတိဝီရိယရှိကြ။
''တွယ်တာတပ်မက်မှု မှန်သမျှ ဖယ်ရှား
ဖျောက်ဖျက်ကြ။
''သတိဝီရိယရှိကြ။
''စိတ်နှလုံးလှုပ်ရှားထွေပြားမရှိကြနှင့်။ (စာ-၁၇)
လိုက်နာကျင့်သုံး
တွယ်တာတပ်မက်မှုကို ငြင်းပယ်ခြင်း၊ အလုပ်
ကိုယုံကြည်ခြင်း၊ အနိစ္စတရားကို သတိရှိခြင်း
သည် ထူးထူးခြားခြားတန်ဖိုးကြီးမားသော ဓမ္မသို့
ချဉ်းကပ်ရောက်ရှိသွားခြင်း၏ အမှတ်လက္ခဏာ ဖြစ်ပေ၏။
ကိုယုံကြည်ခြင်း၊ အနိစ္စတရားကို သတိရှိခြင်း
သည် ထူးထူးခြားခြားတန်ဖိုးကြီးမားသော ဓမ္မသို့
ချဉ်းကပ်ရောက်ရှိသွားခြင်း၏ အမှတ်လက္ခဏာ ဖြစ်ပေ၏။
မကောင်းမှုကျူးလွန်ပြုလုပ်သူများ
မကောင်းမှုကျူးလွန် ပြုလုပ်သူများအတွက်
ဤငရဲပြည်သည် နက်လည်းနက်၏။ ကျယ်
လည်းကျယ်၏။
ဤငရဲပြည်သည် နက်လည်းနက်၏။ ကျယ်
လည်းကျယ်၏။
အဝတ်နှင့်အစားအတွက် လောဘသည် နက်
လည်းနက်၏။ ကျယ်လည်းကျယ်၏။
လည်းနက်၏။ ကျယ်လည်းကျယ်၏။
အတ္တသံယောဇဉ်နှောင်ကြိုးသည် နက်လည်း
နက်၏။ ကျယ်လည်းကျယ်၏။
နက်၏။ ကျယ်လည်းကျယ်၏။
အလွန်နက်သော၊ အလွန်ကျယ်သော ဤဘဝ
သံသရာမှ ထွက်ခွာသွားနိုင်ရန်အတွက် အသင့်
ပြင်ဆင်ကြစို့။
သံသရာမှ ထွက်ခွာသွားနိုင်ရန်အတွက် အသင့်
ပြင်ဆင်ကြစို့။
(၆) ဓမ္မနှင့်ကင်းကွာနေရခြင်းသည် လွတ်ငြိမ်း
မှုနှင့် ကင်းကွာပြီးနေရခြင်းဖြစ်၏။ သဒ္ဓါတရားနှင့်
ကင်းကွာလျှင် ဆုမွန်နှင့် ကင်းကွာနေရလိမ့် မည်။
မှုနှင့် ကင်းကွာပြီးနေရခြင်းဖြစ်၏။ သဒ္ဓါတရားနှင့်
ကင်းကွာလျှင် ဆုမွန်နှင့် ကင်းကွာနေရလိမ့် မည်။
ပညာနှင့်ကင်းကွာနေလျှင် ကုသိုလ်ကောင်းမှု
နှင့် ကင်းကွာနေရလိမ့်မည်။
နှင့် ကင်းကွာနေရလိမ့်မည်။
အကျင့်စာရိတ္တကောင်းနှင့် ကင်းကွာနေလျှင်
အဖော်ကောင်း၊ အဖော်မွန်နှင့် ကင်းကွာနေ
ရလိမ့်မည်။
အဖော်ကောင်း၊ အဖော်မွန်နှင့် ကင်းကွာနေ
ရလိမ့်မည်။
စိတ်မချမ်းမြေ့စရာ
(၁) တရားဘာဝနာ ပွားများခြင်းမရှိဘဲ သေ
ဆုံးရသောအချိန်နာရီသည် မည်မျှ စိတ်
မချမ်းမြေ့စရာ ကောင်းသနည်း။
ဆုံးရသောအချိန်နာရီသည် မည်မျှ စိတ်
မချမ်းမြေ့စရာ ကောင်းသနည်း။
(၂) မှန်ကန်သော အဆုံးအဖြတ်မရှိသည့်
လူပုဂ္ဂိုလ်သည် မည်မျှစိတ်မချမ်းမြေ့
စရာ ကောင်းသနည်း။
လူပုဂ္ဂိုလ်သည် မည်မျှစိတ်မချမ်းမြေ့
စရာ ကောင်းသနည်း။
(၃) ပညာမတတ်သော ဆရာဂုရုသည် မည်မျှ စိတ်မချမ်းမြေ့စရာကောင်းသနည်း။
(၄) ရိုသေကိုင်းရှိုင်းမှုမရှိသော တပည့်သည်
မည်မျှ စိတ်မချမ်းမြေ့စရာ ကောင်း
သနည်း။ မယုံကြည် စိတ်မချရသော
မိတ်ဆွေသည် မည်မျှစိတ်မချမ်းမြေ့စရာ ကောင်းသနည်း။
မည်မျှ စိတ်မချမ်းမြေ့စရာ ကောင်း
သနည်း။ မယုံကြည် စိတ်မချရသော
မိတ်ဆွေသည် မည်မျှစိတ်မချမ်းမြေ့စရာ ကောင်းသနည်း။
(၅) တူညီသော ရည်ရွယ်ချက်မရှိသည့် အိမ်
ထောင်မိသားစုသည် မည်မျှစိတ်မချမ်း
မြေ့စရာကောင်းသနည်း။ (စာ-၄၅)
ထောင်မိသားစုသည် မည်မျှစိတ်မချမ်း
မြေ့စရာကောင်းသနည်း။ (စာ-၄၅)
ဓမ္မရသများ
ဓမ္မသည် သိပ္ပံနည်းကျလှသောဝါဒဟု ဆိုနိုင်
သည်။
သည်။
A. Practical System
(လက်တွေ့ပြည့်စုံသောစနစ်)
B. ethical System
(ကိုယ်ကျင့်တရားပြည့်စုံသောစနစ်)
C. Spiritual System
(စိတ်ပိုင်းဆိုင်ရာပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်
ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
ငှက်ပေါင်းစုံ
အိမ်ကြက်ဖ၊ ငှက်တော်၊ မြေလူးငှက်၊ ဥဒေါင်း
ငှက်၊ ချိုး၊ သိမ်းငှက်၊ ကျေးသား၊ ဥသြငှက် ငှက်
အပေါင်း၏ ဓမ္မသဘင်အပြီးတွင် အားလုံး
ရွှင်လန်းချမ်းမြေ့ကြကုန်၏။ ဓမ္မရောင်ခြည်
ထွန်းတောက်ကြ၏။ ပီတိသောမနဿလွှမ်းခြုံ
ကြ၏။ ဓမ္မအနှစ်သာရ ရရှိခံစားကြကုန်၏။ ငှက်ပီတိသီချင်းသီဆိုကြ၊ ဝမ်းသာအားရ ကခုန်
ကြလေသည်။ (စာ-၁၂၁)

နိဂုံးသင်ခန်းစာ
စာရေးဆရာကြီးပါရဂူ ဘာသာပြန်ဆိုသော
'ငှက်ဓမ္မသဘင်' သည် ရွှင်လန်းသောဓမ္မတရား
ပေးစွမ်းပါသည်။ ချမ်းမြေ့သာယာရှိပါပေ
သည်။ ထို့ကြောင့် ဆရာကြီးပါရဂူနှင့် ပညာရှင်
များအား ရိုသေစွာ ရှိခိုးအပ်ပါသတည်း။
'ငှက်ဓမ္မသဘင်' သည် ရွှင်လန်းသောဓမ္မတရား
ပေးစွမ်းပါသည်။ ချမ်းမြေ့သာယာရှိပါပေ
သည်။ ထို့ကြောင့် ဆရာကြီးပါရဂူနှင့် ပညာရှင်
များအား ရိုသေစွာ ရှိခိုးအပ်ပါသတည်း။
No comments:
Post a Comment