Monday, December 3, 2018

နိုင်ငံအချင်းချင်းဆက်ဆံခြင်းမှ စီးပွားရေးတိုးတက်မြင့်မား

Image may contain: text
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ ကုန်စည်ပြပွဲ၊ နီပေါ-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များဆွေးနွေးပွဲ၊ အာရှ-ပစိဖိတ် ထိပ်သီးစည်းဝေးပွဲများသို့ တက်ရောက်ပြီး ချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးမြှင့်တင်မှု၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု စသည်တို့ကို ဆွေးနွေးခဲ့သည်။
နီပေါကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၌ အခွင့်အလမ်းသစ်များ ရှာဖွေ ရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့် လက်တွဲဆောင်ရွက်ရန် နီပေါစီးပွားရေးအသိုင်းအဝိုင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းအားပေးခဲ့သည်။ မြန်မာနိုင်ငံအစိုးရသည် ပြည်သူကိုဗဟိုပြုသည့် အမျိုးသားစီးပွားရေး မူဝါဒကို ချမှတ်ထားသည်။ ရင်းနှီးမြှုပ်နှံသူအကြိုက် ပတ်ဝန်းကျင်ဖန်တီး နိုင်ရန် ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပြဋ္ဌာန်းထားသည်။
အဆိုပါဥပဒေကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလက ပြဋ္ဌာန်းခဲ့ပြီး ဥပဒေသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်ကို ရှင်းလင်းလွယ်ကူစေကာ မက်လုံးများဖြင့် ဖက်စပ်လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်မှု ပေးထား သည်။ ပွင့်လင်းမြင်သာမှုရှိသည့်၊ ပိုမိုလွတ်လပ်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တစ်ရပ်ဖြစ်စေရန်အတွက် အာမခံချက်ပေးထားသည်။
စီးပွားရေးအခွင့်အလမ်းများဖန်တီးခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကို အားပေးခြင်း၊ ဒေသတွင်းနှင့်ဒေသခွဲ အဖွဲ့အစည်းများနှင့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်ရန် မကြာသေးမီက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်နေသည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက် ဖြစ်ထွန်းလာသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ အစိုးရသစ်တာဝန် မယူမီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း တစ်ထောင် ကျော်ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံ ကျော်ရှိသည်။ အစိုးရသစ်လက်ထက် နှစ်နှစ်တာကာလတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆ဝ တိုးလာပြီး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ထပ်မံရင်းနှီးမြှုပ်နှံလာသည်။
ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် နီပေါနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖော်ဆောင်နိုင်သည်မှာ မြန်မာနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခြင်းကြောင့်ဟု ဆိုရမည် ဖြစ်သည်။ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနှင့်နီပေါနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆၆ သန်းရှိခဲ့ သည်။ မြန်မာနိုင်ငံမှ နီပေါနိုင်ငံသို့ အဓိကပို့ကုန်များမှာ စိုက်ပျိုးရေးနှင့် သစ်တောထွက်ပစ္စည်းများ၊ သစ်မာနှင့်သစ်ပါးလွှာတို့ဖြစ်ပြီး နီပေါနိုင်ငံမှ မြန်မာနိုင်ငံသို့ လူသုံးကုန်ပစ္စည်းများ တင်သွင်းသည်။
၂ဝ၁၈ ခုနှစ် မတ်လမှစ၍ နီပေါနိုင်ငံမှ ကုမ္ပဏီ ၁ဝ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်။ ထို့ကြောင့် သဘာဝအရင်းအမြစ်များ ပေါမျာြး<ွကယ်ဝ သည့် မြန်မာနိုင်ငံတွင် ပိုမိုလုပ်ဆောင်ရန် အခြေအနေများရှိသည့် စီးပွားရေးလုပ်ငန်းများ၌ နီပေါနိုင်ငံအနေဖြင့်လည်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် နီပေါစီးပွားရေးအသိုင်းအဝိုင်းများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းအားပေးခဲ့သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပွင့်လင်းမြင်သာစွာဖြင့် သိသိသာသာ အကောင်အထည်ဖော်ဆောင်ရွက် နေချိန်တွင် နိုင်ငံတော်အစိုးရနှင့် ဒေသတွင်းနိုင်ငံများ၊ ဒေသခွဲနိုင်ငံများ အကြား ထိတွေ့ဆက်ဆံဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်နိုင်မှုများ မှတစ်ဆင့် မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာနိုင်ရေးကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment