Thursday, September 27, 2018

ကင်ဂျုံအန်နှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန် ဆန္ဒရှိဟု ဂျပန်ဝန်ကြီးချုပ်ပြောကြား

Image may contain: 2 people, people smiling, eyeglasses and closeup

ကုလသမဂ္ဂ စက်တင်ဘာ ၂၆
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ထိပ်သီး ဆွေးနွေးမှုပြုလုပ်ရန် ဆန္ဒရှိကြောင်း မြောက်ကိုရီးယား နိုင်ငံအပေါ် ကာလရှည်ကြာစွာ သဘောထားတင်းမာမှု ပြသခဲ့သူ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
တစ်ချိန်သောအခါက ဧကစာဝါဒကျင့်သုံးခဲ့သော မြောက်ကိုရီးယားခေါင်းဆောင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကို ဇွန်လတွင် ပြုလုပ်နိုင်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
မြောက်ကိုရီးယားနှင့် သံတမန်ရေးနည်းလမ်းအရ ဆွေးနွေးနိုင်ခွင့်မရှိတော့ပြီဟု လွန်ခဲ့သည့်တစ်နှစ်က ကုလသမဂ္ဂတွင် သတိပေးစကားပြောကြားခဲ့သူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ¤င်း၏ဆန္ဒကို ထုတ်ဖော်ပြောဆို ခဲ့သည်။
ဂျပန်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီး ဆွေးနွေးပွဲပြုလုပ်ရာတွင် ဂျပန်နိုင်ငံသားများအား ဆယ်စု နှစ်ပေါင်းများစွာကြာအောင် မြောက်ကိုရီးယားနိုင်ငံက ပြန်ပေးဆွဲထားမှုကို ဖြေရှင်းချက်ရရှိရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသည်။
၁၉၇ဝ ပြည့်လွန်ကာလမှ ၁၉၈ဝ ပြည့်လွန်ကာလများ အတွင်း မြောက်ကိုရီးယားနိုင်ငံက ¤င်း၏သူလျှိုလုပ်ငန်း များတွင် အသုံးချနိုင်ရေးအတွက် ဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှုထုံးစံများ လေ့ကျင့်သင်ကြားပေးနိုင်ရန် ဂျပန်နိုင်ငံသားများကို ပြန်ပေးဆွဲခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment