Friday, August 31, 2018

ဥသျှစ်ပင်မြို့သစ် လမ်းဘေးဝဲ ယာ ရေနုတ်မြောင်းကျယ်ကြီးများ ပြန်လည်တူးဖော်ပေးစေလို

ထင်သာမြင်သာပြုပြင်စရာ


ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ လမ်းမတော်လမ်း(ပြည်-တောင် ကုတ် အဝေးပြေးလမ်းမကြီး)၏ ကတ္တရာလမ်း များ မိုးတွင်းအခါရောက်တိုင်း ပျက်စီးမှုများပြား ခြင်းမှာ မြို့တွင်း လမ်းဘေးဝဲ/ယာရေနုတ် မြောင်းများ ပျောက်ကွယ်သွားခြင်းကြောင့်ဖြစ် သဖြင့် ယခင်ရှိခဲ့သော ရေနုတ်မြောင်းကြီးများ အား သက်ဆိုင်ရာမှ ပြန်လည်တူးဖော်ပေးရန် ဒေသခံများ လိုလားလျက်ရှိနေကြောင်း သိရ သည်။
''ဥသျှစ်ပင်မြို့သစ်ကို တပ်မတော်အစိုးရ လက်ထက်က မြို့သစ်အဖြစ် ဖော်ထုတ်ပေးရာ မှာ လမ်းဘေးဝဲ ယာ ငါးပေအကျယ် မြောင်း ကြီးတွေအပြင် လမ်းမတော်လမ်းဘေး သီးခြား ရေနုတ်မြောင်းပါ နှစ်ထပ်လမ်းတွေ၊ စာသင် ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ အပန်းဖြေ ပန်းခြံ၊ မီးသတ်ရေကန်၊ မီးတားကွင်း၊ ရေစုကန် တွေနဲ့ စနစ်တကျ အကွက်ရိုက်ဆောင်ရွက် ပေးထားတာပါ'' ဟု မြို့သစ်ဖော်ထုတ် အကွက် ရိုက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဒေသခံ တစ်ဦးက ပြောသည်။

သို့ရာတွင် လမ်းမတော်လမ်းနေ လမ်းဘေး ဝဲ ယာနေအိမ်အများစုမှ ရေနုတ်မြောင်းကြီး များကို မြေဖို့ခြင်း၊ လမ်းပေါ်သို့ ကျူးကျော်တိုးချဲ့ ဆောက်လုပ်ခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ လမ်းထက် မြင့်မားစွာ မြေဖို့ထားခြင်းတို့ကြောင့် မိုးတွင်း အခါတွင် ရေများကနိမ့်ရာကတ္တရာလမ်းပေါ်သို့ ချောင်းသဖွယ် စီးဆင်းနေခြင်းများကြောင့် လမ်းများပျက်စီးရသဖြင့် ယခင်မူလတည်ဆောက်ထားခဲ့သော လမ်းဘေးဝဲ ယာ ငါးပေအကျယ် ရေနုတ်မြောင်းကြီးများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်တူးဖော်၍ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ပေးပါရန် ဒေသခံများ လိုလားလျက်ရှိနေ ကြောင်း သိရသည်။ အောင်မြင့်(ပန်းတောင်း)

No comments:

Post a Comment