Friday, August 31, 2018

မြန်မာ - သီရိလင်္ကာ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး




Image may contain: 2 people, people smiling, people standing 


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတတို့ တွေ့ဆုံ

ကတ္တမန္ဒူး   သြဂုတ်   ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတMr. Maithripala Sirisena တို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် နီပေါနိုင်ငံ  ကတ္တမန္ဒူးမြို့Soaltee Crown Palaza Hotel, Board Room  ၌ တွေ့ဆုံကြသည်။

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ - သီရိလင်္ကာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment