Tuesday, July 3, 2018

Green Life (အစိမ်းရောင်ဘဝ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း

Image may contain: 7 people, people smiling, text
၁။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ ကျေးရွာအုပ်စု ဒီပဲယင်းကွဲကျေးရွာတွင် ဆရာလေး ဒေါ်အိန္ဒြသိင်္ဂီ၏ဆက်သွယ်မှုဖြင့် ၂ဝ၁၁ ခုနှစ်တွင် ရန်ကုန်မြို့နေ ဒေါက်တာခင်ဇော်ဝင်း (တမ္ပဒီပလူမှုအဖွဲ့ အစည်း၊ ရန်ကုန်)က ဒီပဲယင်းကွဲကျေးရွာသို့ လာရောက် ၍ လူငယ်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးသင်တန်းများ ငါးရက်ခန့် ပို့ချခဲ့ပြီး ထိုနှစ်တွင်ပင် ဒီပဲယင်းကွဲလူငယ်များမှ စုပေါင်း၍ Green Life (အစိမ်းရောင်ဘဝ) သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက် ရေးအသင်းကို ၎င်းကျေးရွာသူ ကျေးရွာသားများဖြစ်ကြ သည့် ဦးကျော်မင်းဦး(ဥက္ကဋ္ဌ)၊ ဒေါ်အေးမြသန္တာလှိုင် (အတွင်းရေးမှူး)၊ ဒေါ်မို့မို့ဝင်း (ဘဏ္ဍာရေးမှူး)၊ ဦးကျော့ ကျော့မောင်(စာရင်းကိုင်)၊ ဒေါ်ချမ်းမြငြိမ်း(စာရင်းစစ်)၊ ဦးမျိုးမြင့်မြတ်(အဖွဲ့ဝင်)နှင့် ဒေါ်မိုးယုခိုင်(အဖွဲ့ဝင်)တို့က အမှုဆောင်များအဖြစ် တာဝန်ယူလျက် အသင်းဝင် အင်အား ၄၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
၂။ Green Life အဖွဲ့သည် လူငယ်များဖြင့် ဖွဲ့စည်း ထားရှိပြီး ဒီပဲယင်းကွဲကျေးရွာအတွင်း အိမ်တိုင်းတွင် အမှိုက်စွန့်ပစ်ရန် ဆာလာအိတ်များထားရှိပေးခြင်း၊ ကျေးရွာတွင်း လမ်းဆုံလမ်းခွတိုင်းတွင် အမှိုက်ပုံးများ ထားရှိပေးခြင်းတို့ဖြင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေးကို စည်းရုံးပညာပေးဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ၎င်းအမှိုက် များအား လဝက်တွင် တစ်ကြိမ်၊ လကုန်တွင် တစ်ကြိမ်၊ ရွာတောင်ပိုင်းနှင့် မြောက်ပိုင်း နှစ်ကြိမ်ခွဲ၍ အမှိုက်များ စွန့်ပစ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ တစ်ရွာလုံးနီးပါး ပါဝင်ဆောင်ရွက်လာပြီး ပလတ်စတစ်အမှိုက်များကို ခွဲခြား၍ စနစ်တကျစွန့်ပစ် သည့် အလေ့အကျင့်ကောင်းများ ရရှိနေပြီဖြစ်သည့်အပြင် ကျေးရွာသူ ကျေးရွာသား စေတနာရှင်များကလည်း အဖွဲ့ ရန်ပုံငွေသို့ ငွေကြေးများ ထည့်ဝင်လှူဒါန်းပေးလျက်ရှိပါ သည်။ ထို့အပြင် အမှိုက်များထဲမှ ပြန်လည်ရောင်းချနိုင်သည့် ပစ္စည်းများကိုရွေးထုတ်၍ ပြန်လည်ရောင်းချခြင်းမှလည်း ရန်ပုံငွေ ရရှိပါသည်။ ယခုအခါ Green Life အဖွဲ့တွင် ကျေးရွာလူငယ် ၂၈ဝ ကျော် ပါဝင်လျက်ရှိပြီး အဓိက အားဖြင့် အဖွဲ့ဝင်လူငယ် ၁ဝဝ ဦးခန့်ဖြင့် ပလတ်စတစ် အမှိုက်သန့်ရှင်းရေးနှင့် စွန့်ပစ်ခြင်းများကို အလှည့်ကျ ဆောင်ရွက်လျက်ရှိပါသည်။ ပတ်ဝန်းကျင်ရှိ ကျေးရွာ ခုနစ်ရွာတွင်ပါ စနစ်တကျ အမှိုက်စွန့်ပစ်ရေးအတွက် ကူညီပေးလျက်ရှိပါသည်။
၃။ ဒီပဲယင်းကွဲကျေးရွာသည် လူမှုရေး၊ သာရေးနာရေး၊ ပညာရေး၊ စီးပွားရေးတို့တွင်သာမကGreen Life အဖွဲ့ ၏ ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေ ရေးအတွက်ကိုလည်း စည်းလုံးညီညွတ်စွာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော အတုယူဖွယ် ကျေးရွာ၊ စံပြုထိုက်သည့် ကျေးရွာတစ်ရွာဖြစ်ပါသည်။ Green Life (အစိမ်းရောင်ဘဝ)အသင်း၏ ပလတ်စတစ် ကင်းစင်ရေး လှုပ်ရှားဆောင်ရွက်အောင်မြင်နေမှုများ သည် ၂ဝ၁၈ ခုနှစ် ဇွန်လ ၅ ရက်နေ့ ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ် ဖြစ်သော Beat Plastic Pollution (ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့)နှင့်လည်း ကိုက်ညီလျက် ရှိပြီး မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု မဖြစ်အောင် ၎င်းလူငယ်များ၏ အသိပညာဖြင့် ဆောလျင်စွာ ကြိုးပမ်းအားထုတ်မှုသည် နိုင်ငံတစ်ဝန်းရှိ ရပ်ကွက်၊ ကျေးရွာနေ လူငယ်များအတွက် စံပြုအတုယူ ဖွယ်ဖြစ်ပါသည်။

No comments:

Post a Comment