Tuesday, July 3, 2018

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ စီမံချက်ဘဏ္ဍာငွေသုံးစွဲခြင်းနှင့် အခြားစီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းရေးကော်မတီ တတိယအကြိမ် အစည်းအဝေးကျင်းပ

Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဇူလိုင် ၂
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ စီမံချက်ဘဏ္ဍာ ငွေသုံးစွဲခြင်းနှင့် အခြားစီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (Inter- Agency Coordinating Committee-ICC) ၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အစည်းအဝေးဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးလုပ်ငန်းတွင်Gaviအဖွဲ့၏ နည်းပညာအကူအညီနှင့် ဘဏ္ဍာငွေ အထောက်အပံ့များကြောင့် ကလေးသူငယ်များတွင် ဖြစ်တတ်သောရောဂါများနှင့် သေဆုံးမှုပေါင်းများစွာ လျော့နည်းကျဆင်းခဲ့ရသည့်အတွက် မြန်မာပြည်သူလူထု ကိုယ်စား ကျေးဇူးတင်ရှိကြောင်း၊ICC သည် ကာကွယ်ဆေး ထိုးလုပ်ငန်းကို စီမံချက်ဆောင်ရွက်မှု၊ အခြားအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာငွေသုံးစွဲမှုတို့တွင် ဦးဆောင် လမ်းညွှန်မှုပေးလျက်ရှိသည်ကို သိရပါကြောင်း။
Gavi က မြန်မာနိုင်ငံအတွက် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်း တန်ဖိုးရှိ ကာကွယ်ဆေးများ၊ ပုံမှန်ကာကွယ်ဆေးထိုးနှင့် အပိုဆောင်း ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃၉ သန်း ဘဏ္ဍာငွေ အထောက်အပံ့ ပေးအပ်ခဲ့ပြီး စုစုပေါင်း ကာကွယ်ဆေးဝယ်ယူရန် နှစ်စဉ် ကုန်ကျစရိတ်၏ ၇၆ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိပါ ကြောင်း။
၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွက်Gaviအထောက်အပံ့ အမေရိကန်ဒေါ်လာသန်း ၁၁ဝ ခန့် ဆက်လက်ပေးအပ်မည်ဖြစ်ပါကြောင်း၊ ယခု ၂ဝ၁၈ ခုနှစ် သည် ဝန်ကြီးဌာနအတွက် ဘဏ္ဍာငွေများကို ကျိုးကြောင်း လျော်ညီစွာ ခွဲဝေချထားကာ အလေအလွင့်မရှိအာင် သုံးစွဲပြီးစနစ်တကျ စောင့်ကြပ်ကြည့်ရှုနှစ်အဖြစ် သတ်မှတ် ထားသည့်အတွက်Gavi မှ လှူဒါန်းသည့် ငွေကြေးများကို ကောင်းမွန်အကျိုးရှိအောင် စနစ်ကျစွာ စီမံခန့်ခွဲအသုံးပြု မည် ဖြစ်ပါကြောင်း။
ယခု Joint Approval သွားရောက် ကွင်းဆင်းခဲ့ကြ သည့် ပညာရှင်များသည် နိုင်ငံတကာအတွေ့အကြုံများစွာ ရှိသူများဖြစ်ပြီး စနစ်တကျဆန်းစစ်အကဲဖြတ်ထားသည့်အတွက် တွေ့ရှိချက်နှင့် အကြံပြုချက်များသည် ကာကွယ် ဆေးထိုးလုပ်ငန်းအတွက် များစွာအထောက်အကူပြု အကျိုးရှိစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Gavi အဖွဲ့မှ Senior Country Manager Mr. Dirk Gehlနှင့် ဒုတိယ ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး) ဒေါက်တာဒေါ်ထားထားလင်းတို့က Gaviအထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးထိုးလုပ်ငန်း အခြေအနေ၊ ကာကွယ်ဆေး ထိုးလွှမ်းခြုံနိုင်မှု မရှိသောဒေသများတွင် အထူးနည်းဗျူဟာ များ သုံးစွဲဆောင်ရွက်မည့်အစီအစဉ်များ၊ ကာကွယ်ဆေးထိုး လုပ်ငန်းကိုအခြေပြု၍ ကျန်းမာရေးစနစ်မြှင့်တင်ခြင်း စီမံချက် (၂ဝ၁၈ ခုနှစ်-၂ဝ၂ဝ ခုနှစ်) (Health System Strengthening-II) တွင် ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်များ၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပူးတွဲဆန်းစစ်လေ့လာခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည့် တွေ့ရှိချက်နှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြကြ သည်။ ယင်းနောက်တက်ရောက်လာသူများက ဆွေးနွေး မေးမြန်းကြသည်။
အဆိုပါအစည်းအဝေးသို့ Inter-Agency Coordination Committee -ICCဥက္ကဋ္ဌ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင်ICC အဖွဲ့ဝင်များ၊ Gavi ၊ UNICEF ၊ WHO ၊ PATH ၊ 3MDG ၊ World Bank တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူ များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment