Tuesday, July 3, 2018

ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကိုအားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၂
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေး မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်များ လစဉ် တွေ့ဆုံဆွေးနွေးပွဲမှ တင်ပြဆွေးနွေး ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီး ဌာနများက ပြန်လည်ဖြေရှင်းပေး သည့်အချက်များအနက် အပြည့်အဝ မပြီးပြတ်သေးသည့် တင်ပြချက်များ အား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တင်ပြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံ၍ (Public Private Dialogue) ပြုလုပ်၍ ဆက်လက် ဖြေရှင်းညှိနှိုင်းဆွေးနွေးသည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ လစဉ်တွေ့ဆုံပွဲမှတင်ပြချက် အချက် ၂၅ဝ တွင် လုပ်ငန်းကော်မတီနှင့် သက်ဆိုင်သည့်တင်ပြချက် ၁၇၁ ချက် ဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲမှု များကို အဓိကထားလုပ်ဆောင်ရမှာ ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်လာရာမှာ ပြဿနာကို အဖြေရှာသည့် Problem Solving Approach လုပ်ဆောင်ရာတွင်Strategic Plan ထားရှိ၍ ဆောင်ရွက်သွားရန် လိုပါကြောင်း၊ ဌာနဆိုင်ရာအလိုက် Standard Operating Procedures (SOP) များကို အများမြင်သာထင်သာရှိရန်၊ လွယ်ကူရှင်းလင်းအောင်လုပ်ရန် လိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်း လဲမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးပါက နိုင်ငံ၏ စီးပွား ရေးတိုးတက်လာမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြ သည့် အသင်းအဖွဲ့များက ကုန်သွယ် မှုဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ လုပ်ငန်းအလိုက် တင်ပြ ချက်များအပေါ် သက်ဆိုင်သည့် ဝန်ကြီးဌာနများက ဆောင်ရွက်ပေး နိုင်မည့်အခြေအနေကို ပြန်လည် ရှင်းလင်းပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment