Friday, June 1, 2018

အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား သီးခြားစီလက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting, table and indoor
နေပြည်တော် မေ ၃၁
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂရွေးကောက်ပွဲကူညီပေးရေး ဌာနမှ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အကြီးတန်းအရာရှိ Ms. Svetlana Galkinaနှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် လည်းကောင်း၊ အမေရိကန်အောက်လွှတ်တော် လူများစုခေါင်းဆောင်ရုံး အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် Mr. Luke Murryနှင့်အဖွဲ့အား မွန်းလွဲ ၂ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင် အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဥပဒေ ရေးရာကိစ္စရပ်များ၊ ရွေးကောက်ပွဲစနစ် တိုးတက်ကောင်း မွန်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးကြပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စရပ်များတွင် ပိုမိုတိုးတက်ကောင်းမွန်သော အနေအထားများရရှိရေး အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment