Friday, June 1, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် အစ္စရေးသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 3 people, people sitting, table and indoor
နေပြည်တော် မေ ၃၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံ ဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Daniel Zonshine အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အစ္စရေး-မြန်မာ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက် အလက်နည်းပညာ(ICT) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ် တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment