Friday, June 1, 2018

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၌ နေအိမ်သုံးလုံးမီးလောင်၊ လူသုံးဦး သေဆုံး


Image may contain: night and outdoor=======================

ဟားခါး မေ ၃၁
ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ မေ ၃၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က နေအိမ် သုံးလုံးမီးလောင်မှု ဖြစ်ပွားရာ လူသုံး ဦး သေဆုံးခဲ့ပြီး နံနက် ၃ နာရီခွဲခန့် တွင် မီးငြိမ်းခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်ဝေကျဲမ်း၏ ပျဉ်ခင်း၊ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ် နေအိမ် မီးဖို မီးကြွင်းမီးကျန်မှ တစ် ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်ဝေ ကျဲမ်း(၉ဝ)နှစ်၊ ဒေါ်ဗန်ဘွေဇီး (၄၅)နှစ်နှင့် ဒေါ်လှူငွာ (၈၂)နှစ်တို့မှာ မီးလောင်သေဆုံးခဲ့ပြီး ဒေါ်ခင်လေး ဆွေ(၄၅)နှစ်မှာ လက်နှစ်ဖက်နှင့် မျက်နှာ အနည်းငယ် မီးဟပ်ဒဏ်ရာ ရရှိခဲ့သည်။
အခင်းဖြစ်ပွားရာ နေရာသို့ ဟားခါးခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် သုံးစီး၊ စည်ပင် သာယာရေးမှ ရေသယ်ယာဉ်နှစ်စီး၊အုပ်ချုပ်မှုယာဉ် နှစ်စီး စုစုပေါင်း ၁ဝ စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် ၅၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ ဟားခါး အခြေချစစ်ဗျူဟာမှ တပ်ဖွဲ့ ဝင် ၃ဝ ၊ ရပ်ကွက်နေပြည်သူများ က ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး ချင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန် လွယ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဗျူဟာ(အခြေချ)(ဟားခါး)မှ စစ်ဗျူ ဟာမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ကွပ်ကဲကြသည်။
အဆိုပါမီးလောင်မှုနှင့်စပ်လျဉ်း၍ အိမ်ရှင် ဒေါ်ဝေကျဲမ်းအား ဟားခါးမြို့ နယ်ရဲစခန်းက အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment