Wednesday, May 30, 2018

ဘေဘုတ်ရဲ့ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တဲ့BTSကို မွန်းဂျယ်အင်း ဂုဏ်ပြု

Image may contain: 8 people, people standing
တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''BTS''ဟာ လတ်တလောမှာတော့ နိုင်ငံတကာတေးဂီတဝက်ဘ်ဆိုက်ဒ် တစ်ခုဖြစ်တဲ့ ဘေဘုတ်ရဲ့ အကျော်ကြားဆုံးသော တေးအယ်လ်ဘမ် ၂ဝဝ စာရင်းမှာ နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို ရပ်တည်နိုင်ခဲ့တာဟာ ကေပေါ့ပ်ကြယ်ပွင့်တွေအနက် ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ''BTS''ကို တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်းက ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့တယ်လို့ အောကေပေါ့ပ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဒီလိုကေပေါ့ပ်ကြယ်ပွင့်တွေကို ဂုဏ်ပြုစကားဆိုခဲ့ရာမှာ မွန်းဂျယ်အင်းက အဖွဲ့ရဲ့ အောင်မြင်မှုအတွက် အထောက်အပံ့ကောင်း တွေဖြစ်ကြတဲ့ ''BTS''ရဲ့ ပရိသတ်အဖွဲ့ ''ARMYs''တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း တစ်ပါတည်း ဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။
အင်္ဂလိပ်လိုရေးသားဖော်ပြထားတဲ့ စာမှာတော့ မွန်းဂျယ်အင်းက ''BTS''နဲ့ သူ့ရဲ့ပရိသတ်တွေအတွက် စာရှည်ကြီးရေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီစာမှာတော့ မွန်းဂျယ်အင်းက အဖွဲ့ရဲ့ တေးသီချင်းတွေ၊ အကတွေ၊ အိပ်မက်တွေနဲ့ စိတ်အားထက်သန်မှုတွေဟာ ကမ္ဘာတစ်ဝန်းက လူငယ်ထုအတွက် စိတ်ခွန်အားတွေ ပေးစွမ်းနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် သမ္မတက အဖွဲ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးအယ်လ်ဘမ် ''Love Yourself: Tear''ဟာ ဘေဘုတ်ရဲ့ ထိပ်တန်းတေးအယ်လ်ဘမ် ၂ဝဝ စာရင်းမှာ နံပါတ်တစ်နေရာ ရခဲ့ပါတယ်။ ဒါဟာ ကေပေါ့ပ်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ သီဆိုထားတဲ့ တေးအယ်လ်ဘမ် မဟုတ်တဲ့ အယ်လ်ဘမ်တစ်ခုအနေနဲ့ ပြီးခဲ့တဲ့ ၁၂ နှစ်တာအတွင်း ပထမဆုံးအကြိမ် ရပ်တည်နိုင်ခဲ့တာဖြစ်ကြောင်းလည်း ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ သူက ကိုရီးယားက ပရိသတ်တွေသာမက ကမ္ဘာတစ်ဝန်းက လူငယ်တွေကိုပါ ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တဲ့ ''BTS''ကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။
အေးပြည့်

No comments:

Post a Comment