Tuesday, May 1, 2018

အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်မြို့၊ တောင်ကြီးမြို့နှင့် မြစ်ကြီးနားမြို့များတွင် အထွေထွေရောဂါကုဆေးခန်းများ ဖွင့်လှစ်

Image may contain: 1 person, standing and on stage
နေပြည်တော် ဧပြီ ၃ဝ
လူမှုဖူလုံရေးအဖွဲ့နှင့် ပြင်ပပုဂ္ဂလိက ဆေးရုံများ ပူးပေါင်းဖွင့်လှစ်သည့် အထွေထွေရောဂါကု ဆေးခန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းများကို လူမှုဖူလုံ ရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင် ထားသော အာမခံအလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ပေးနိုင်ရေးအတွက် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီး ပြင်ပလူနာဝန်ဆောင်မှု ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို ဝယ်ယူသည့် Provider-Purchaser Split စနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲခြင်းနှင့် ငွေပေးချေမှုကို နိုင်ငံတကာလူမှုကျန်းမာရေး အာမခံ စနစ်များတွင် အသုံးပြုအောင်မြင်နေ သည့် ငွေပေးချေမှုစနစ်များအနက် Capitation ဖြင့် စတင်စမ်းသပ် ကျင့်သုံးဆောင်ရွက်မည့် စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖွင့်လှစ်ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားများသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် များနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိ သူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ သဘောတူစာချုပ်ချုပ် ဆိုမည့် ပုဂ္ဂလိကအထွေထွေရောဂါကု ဆေးခန်းမှ တာဝန်ရှိသူများ၊ ဒေသခံ အလုပ်ရှင်များနှင့် အာမခံအလုပ် သမားများ တက်ရောက်ကြပြီး အထွေထွေရောဂါကုဆေးခန်းများကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင်ကျင်းပသော အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေး ခြင်း၊ မကျန်းမာ၍ အလုပ်မလုပ်ကိုင် နိုင်သည့်အခါ ဝင်ငွေအဆင်ပြေစေ ရေးအတွက် ငွေကြေးအကျိုးခံစားခွင့် ပေးခြင်းများကို မြို့နယ်ပေါင်း ၁၁၆ မြို့နယ်တွင် အလုပ်သမားဆေးရုံကြီး သုံးရုံ၊ ရုံးခွဲပေါင်း ၇၈ ရုံး၊ မြို့နယ် ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီး ဆေးခန်း ၅၅ ခန်း၊ လူမှုဖူလုံရေး ကဲလ်ဝဲဆေးခန်း လေးခန်း၊ တိုင်းရင်း ဆေးကုခန်းတစ်ခန်းတို့အပြင် ရွေ့လျား ဆေးကုသယာဉ် နှစ်စီးတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။
လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမားများ၏ ကျန်းမာရေး ဝန်ဆောင်မှုကို အလွယ်တကူ လက်လှမ်းမီရရှိနိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေး ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ဦးစားပေးအစီအစဉ် များ ချမှတ်ဆောင်ရွက်ရာတွင် ပထမ အဆင့်အနေဖြင့် ပြင်ပလူနာများ အတွက် ဝန်ဆောင်မှုအားအခြား ဆေးရုံ/ဆေးခန်းများမှ ဝယ်ယူခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဆေးရုံတက် လူနာကုသမှုဝန်ဆောင်မှုအား အခြား ဆေးရုံများမှဝယ်ယူခြင်း၊ တတိယ အဆင့်အနေဖြင့် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများကို ပုဂ္ဂလိကနှင့် စာချုပ်ချုပ်ဆိုပြီး PPP စနစ်ဖြင့် အဆင့်မြှင့်တင်ခြင်းနှင့် စတုတ္ထအဆင့် အနေဖြင့် အဖွဲ့ပိုင်ဆေးရုံ၊ ဆေးခန်း များကို မိမိအစီအစဉ်ဖြင့် အဆင့်မြှင့် တင်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း ဖြင့် နိုင်ငံတော်၏ ကျန်းမာရေး ရည်မှန်းချက် တစ်ရပ်ဖြစ်သည့် Universal Health Coverageကို အကောင်အထည် ဖော်ဆောင်ရာတွင် တစ်ဖက်တစ်လမ်းက အထောက်အကူ ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အကျုံးဝင်မှတ်ပုံတင် အာမခံအလုပ် သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို တစ်ဆင့်ပြီး တစ်ဆင့် အဆင့်မြှင့်တင်ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ငွေကြေး အကျိုးခံစားခွင့်များကိုလည်း လက်ရှိ အခြေအနေထက် ပိုမိုလွယ်ကူမြန် ထိရောက်စွာ ပေးစွမ်းနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့၏ ကျန်ရှိသော အဓိကကဏ္ဍကြီး သုံးခုဖြစ်သည့် ဥပဒေရေးရာကဏ္ဍ၊ သတင်းအချက် အလက်နှင့် နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍ၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုရေးရာ ကဏ္ဍများကို ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ် ရှင်၊ အလုပ်သမားများဘက်ကလည်း နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး လူမှုဖူလုံရေးစီမံကိန်းကို အောင်မြင် စွာ အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment