Tuesday, May 1, 2018

ရာသီဝက်ချန်ပီယံ အားကာသိပ္ပံ(ရန်ကုန်)ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်

Image may contain: one or more people, outdoor and nature
ရန်ကုန် ဧပြီ ၃ဝ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော 2018-MNL League Youth Competition ပြိုင်ပွဲတွင် ပထမအကျော့ ရာသီဝက်ချန်ပီယံ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ့ U-21(က)အသင်းနှင့် U-20(ခ) အသင်းတို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြား ရေးမှူး ဦးစိုးအောင်က ဂုဏ်ပြုဆုငွေကျပ် ၁ဝ သိန်းကို ပေးအပ်ချီးမြှင့်ရာ အသင်းနည်းပြချုပ် ဦးအောင်နေဝင်းက လက်ခံ ရယူပြီး ကျောင်းအုပ်ကြီးနှင့်အတူ အသင်းလက်ထောက်နည်းပြများ၊ ကြံ့ခိုင်ရေးမှူးများနှင့် ဘောလုံးအသင်းတို့မှ အားကစား သမားများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါပြိုင်ပွဲတွင် U-21 League(1)ပြိုင်ပွဲ၌ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်-က)အသင်းက ၁၃ ပွဲကစားပြီး ၁၁ ပွဲနိုင်ကာ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရဂိုး ၂၈ ဂိုး၊ ရမှတ် ၃၄ မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်ပြီး MNL U-20 League(2) ပြိုင်ပွဲ၌ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်-ခ)အသင်းက ခြောက်ပွဲကစားပြီး ငါးပွဲနိုင်၊ တစ်ပွဲသရေ၊ ရဂိုး ၁၈ ဂိုး၊ ရမှတ် ၁၆ မှတ်ဖြင့် ရာသီဝက်ချန်ပီယံအသီးသီးရရှိထားပြီး ဒုတိယရာသီဝက်ပြိုင်ပွဲများကို မေ ၂၇ ရက်တွင် ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment