Tuesday, May 1, 2018

၁၂၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဝဘဏ်လီမိတက် ဗဟန်းဘဏ်ခွဲ ဖွင့်လှစ်

Image may contain: 6 people, people standing
ရန်ကုန် ဧပြီ ၃ဝ
၁၂၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အင်းဝဘဏ်လီမိတက် ဗဟန်းဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းက အဆိုပါ ဘဏ်ခွဲပရဝဏ်၌ ကျင်းပသည်။
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ စီမံကိန်းများညွှန်ကြားရေးမှူး ဦးခင်မောင်စိုးနှင့် အင်းဝဘဏ် လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ငွေဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေက အင်းဝဘဏ်လီမိတက် ဗဟန်းဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးကာ ဘဏ်ခွဲကမ္ပည်းမော်ကွန်းဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့ကို အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော် များနှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ်လီမိတက် ဗဟန်းဘဏ်ခွဲသည် အင်းဝ ဘဏ်လီမိတက်၏ ၄၉ ခုမြောက် ဘဏ်ခွဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် အနောက်ရွှေဂုံတိုင်ရပ်ကွက် ဓမ္မစေတီလမ်းနှင့် ဦးဝိစာရလမ်းထောင့်အနီးရှိ ဝိဇယပလာဇာ မြေညီထပ် အခန်းအမှတ်(G-1)တွင် ဖွင့်လှစ်ထားကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment