Tuesday, May 1, 2018

မြန်မာနိုင်ငံ အဆင့်မြင့်ဂေါက်သီးပညာရှင်များအသင်း အရည်အချင်းစစ်ပြိုင်ပွဲကျင်းပမည်

No automatic alt text available.
မန္တလေး ဧပြီ ၃ဝ
မြန်မာနိုင်ငံ အဆင့်မြင့်ဂေါက်သီး ပညာရှင်တစ်ယောက်ဖြစ်ရန် အခွင့် အရေးအဖြစ် မြန်မာနိုင်ငံ အဆင့်မြင့် ဂေါက်သီးပညာရှင်များအသင်းက ကြီးမှူးကျင်းပမည့် (Tour Pro, Teaching Pro, Senior Pro) အရည် အချင်းစစ်စာမေးပွဲအား မန္တလေးမြို့ ရွှေစာရံဂေါက်ကွင်း၌ ကျင်းပမည်ဖြစ် သည်။
ယှဉ်ပြိုင်လိုသည့် ကစားသမားများ သည် မေ ၃၁ ရက်နှင့် ဇွန် ၁ ရက် တို့တွင် ရိုက်ချက်ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဇွန် ၂ ရက်တွင် အခြေခံ ဂေါက်သီးပညာ ရှင်းလင်းခြင်းနှင့် ဖြေဆိုခြင်း ပြုလုပ်ရမည်ဖြစ်သည်။
ဖြေဆိုလိုသည့် ဂေါက်သီး ဝါသနာရှင်များသည် မေ ၂၈ ရက် နောက်ဆုံးထား၍ ဖုန်း-ဝ၉- ၇၇ဝ၉၄ ၇၂၇၇၊ ဝ၉-၂၆၂၆ဝ၂၆၃၆၊ ဝ၉-၅၁၉ ၃၄၂၃ တို့သို့ ဆက်သွယ်စုံစမ်း၍ ပြိုင်ပွဲကြေး တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝဝ ဖြင့် စာရင်းပေးသွင်းနိုင် ကြောင်း သိရသည်။
ဖိုးသော်ဇင်

No comments:

Post a Comment