Wednesday, May 30, 2018

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ကုသရေးအကြောင်း မြိတ်မြို့တွင် အသိပညာပေးဆွေးနွေး

Image may contain: 5 people, people sitting and indoor
မြိတ် မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူ
များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေ
ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ပညာပေးခြင်း
လုပ်ငန်းကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ကျယ်ကျယ်
ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့
ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာ
ကွယ်ရေးနှင့်ကုသရေးအကြောင်း အသိပညာပေး
ဆွေးနွေးပွဲကို မေ ၂၈ ရက် မွန်းလွဲ ၂ နာရီက မြိတ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက တိုင်းဒေသကြီးတွင် သွေးလွန်
တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေနှင့် သွေး
လွန်တုပ်ကွေးဖြစ်ပွားနိုင်ခြေရှိသော ပတ်ဝန်း
ကျင်၊ ရောဂါဖြစ်ပွားနိုင်ခြေရှိသူများ၊ အန္တရာယ်
လက္ခဏာရှိသော အဆင့်များအကြောင်းကို Power Point ဖြင့် အကျယ်တဝင့် ဆွေးနွေးပြော ကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်
ပွားစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ရောဂါဖြစ်
ပွားသူများအား ကုသရေးလုပ်ငန်းများအကြောင်း၊
ရောဂါဖြစ်ပွားမှ ကုသခြင်းထက် ကြိုတင်ကာ
ကွယ်ခြင်းသည် ပိုမိုထိရောက်ကြောင်း၊ ကြိုတင်
ကာကွယ်ရေးလုပ်ငန်းတွင် ပြည်သူလူထု ပူး
ပေါင်းပါဝင်စေရေး ပညာပေးခြင်း၊ လှုံ့ဆော်
ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး စုပေါင်းဆောင်
ရွက်ခြင်း၊ ခြင်ပေါက်ပွားနိုင်သည့် ပတ်ဝန်းကျင်
အား ဖုံး၊ သွန်၊ လဲ၊ စစ် အပတ်စဉ် ဆောင်ရွက်ရေး၊ အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းဖွင့်ရာသီ တွင် ကျောင်း အတွင်း/အပြင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ရပ်ကွက်၊ ကျေးရွာများတွင် ကြို
တင်ကာကွယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်း
ဆွေးနွေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးသည် သွေးလွန်
တုပ်ကွေးရောဂါဖြစ်ပွားမှုအနေဖြင့် တစ်နိုင်ငံ
လုံးတွင် ဖြစ်ပွားမှု တတိယအများဆုံး တိုင်း
ဒေသကြီးတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအနေဖြင့်
မေ ၂၇ ရက်အထိ သွေးလွန်တုပ်ကွေး
ရောဂါဖြစ်ပွားသူ ၃၉၁ ဦးရှိပြီး
သုံးဦးသေဆုံးမှုရှိကြောင်း၊ ဖြစ်ပွားမှု
အများဆုံးမြို့မှာ မြိတ်မြို့ဖြစ်ပြီး ၁၄၃ ဦး ဖြစ်
ပွားပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း၊ ဒုတိယ
အများဆုံးမှာ ပုလောမြို့ဖြစ်ပြီး သေဆုံးသူ
တစ်ဦးရှိကြောင်း၊ ယခုနှစ် ဖြစ်ပွားမှုအခြေ
အနေမှာ ဇန်နဝါရီလမှ မေလ အထိ ယခင်
နှစ်ကထက် ဖြစ်ပွားမှုများပြားကြောင်း၊ နိုင်ငံ
တစ်ဝန်းလုံးတွင် အများဆုံးဖြစ်ပွားခဲ့သည့်
၂ဝ၁၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက လျော့ကျမှု
ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့
ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ
ဇော်မင်းထွန်းက ပြောသည်။
ဆွေးနွေးပွဲသို့ မြိတ်ခရိုင် ဒုတိယအုပ်ချုပ်ရေး
မှူး ဦးရည်မွန်နှင့် ဌာနဆိုင်ရာများ၊ ခရိုင်ပြည်သူ့
ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်လွင် မွန်၊ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ
သန္တာမျိုးဝင်း၊ သမားတော်များ၊ အထူးကု
ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)

No comments:

Post a Comment