Wednesday, May 30, 2018

ကမ်ဟာနူး သမီးလေးမွေးဖွား

Image may contain: 1 person, standing
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ကမ်ဟာနူးဟာ လတ်တလောမှာတော့ သမီးလေးမွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီရင်သွေးလေးဟာ သူ့အတွက် ပထမဆုံးရရှိခဲ့တဲ့ ရင်သွေး လေးဖြစ်ပြီး လက်ရှိမှာတော့ မိခင်ရော ကလေးပါ ကျန်းမာကြောင်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်မှာတော့ ကမ်ဟာနူးရဲ့ အေဂျင်စီမှ သတင်းရင်းမြစ်တစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်အရ မကြာသေးမီက ကမ်ဟာနူးဟာ သမီးလေးမွေးဖွားခဲ့ပြီဖြစ်ကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။
ကမ်ဟာနူးဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ လက်ထပ်ခဲ့ တာဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးသော ရင်သွေးလေးလွယ်ထားရပြီဖြစ်ကြောင်းကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဒီလိုပြောကြားခဲ့ချိန်မှာလည်း ပရိသတ် တွေက သူ့အတွက် ဝမ်းမြောက်ကြောင်း စာတွေရေးသားပေးပို့ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
ကမ်ဟာနူးဟာ ရင်သွေးလေးကို စောင့်ရှောက်ဖို့ရာ အနုပညာလှုပ်ရှားမှုတွေကလည်း ခေတ္တအနားယူထားခဲ့ပြီး လတ်တလောမှာတော့ ကျန်းမာလှပတဲ့သမီးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးဟာ အေဂျင်စီဟောင်းနဲ့ လမ်းခွဲကာ မေ ၂ ရက်မှာတော့ အေဂျင်စီသစ်နဲ့ လက်တွဲခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment