Tuesday, May 1, 2018

ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာ စာတမ်းဖတ်ပွဲ ကျင်းပမည်

No automatic alt text available.
ရန်ကုန် ဧပြီ ၃ဝ
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ''ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာစာတမ်းဖတ်ပွဲ''ကို မေ ၅ ရက် (စနေနေ့)နှင့် မေ ၆ ရက် (တနင်္ဂနွေနေ့)တို့တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း ဗဟိုပုံနှိပ်တိုက်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့သတင်းမီဒီယာသမိုင်းအား သတင်းမီဒီယာသမား များနှင့် ပြည်သူများလေ့လာသိရှိနိုင်စေရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ''မြန်မာနိုင်ငံသတင်း မီဒီယာသမိုင်း''စာတမ်းဖတ်ပွဲကို ၂ဝ၁၇ ခုနှစ် မတ်လတွင် ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ''ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာ စာတမ်းဖတ်ပွဲ''တွင် စာတမ်း ၁၂ စောင် ဖတ်ကြားရန် လျာထားဆောင်ရွက်ထားပြီး အတည်ပြုဖတ်ကြားမည့် စာတမ်းများစာရင်းကို မကြာမီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲနှင့်အတူ သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ သတင်းမီဒီယာလုပ်ငန်းများကို လည်းကောင်း၊ စာအုပ်ဆိုင်များကို လည်းကောင်း ခင်းကျင်းပြသနိုင်ရေးအတွက် ရန်ကုန်မြို့ သိမ်ဖြူလမ်း ဗဟိုပုံနှိပ် တိုက်၌ ဆိုင်ခန်းငယ်များ ထားရှိဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲသို့ မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ပြီး မေးခွန်းများမေးမြန်းဆွေးနွေးနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြင်ပသတင်းမီဒီယာသမားများထံမှလည်း စာတမ်းများကို ဖိတ်ကြားသွားမည်ဖြစ်သည်။
''ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာစာတမ်းဖတ်ပွဲ''ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တာဝန်ယူ ကျင်းပခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက စာတမ်းဖတ်ပွဲ ကျင်းပနိုင်ရန် ရန်ကုန်မြို့ သိမ်ဖြူလမ်း ဗဟိုပုံနှိပ်တိုက် ခန်းမ အသုံးပြုခွင့်အား ပံ့ပိုးကူညီထားကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သိရသည်။
သတင်းစဉ်

No comments:

Post a Comment