Wednesday, May 30, 2018

ရန်ပယ်ရေလှောင်တမံမှ ဒေသ စိုက်ပျိုးရေအတွက် အကျိုးပြု

Image may contain: sky, ocean, outdoor, nature and water
မကွေး မေ ၂၉
ရန်ပယ်ရေလှောင်တမံသည် မကွေး တိုင်းဒေသကြီး မကွေးခရိုင်တောင်တွင်းကြီးမြို့နယ် ဝက္ကသေး ကျေးရွာတောင်ဘက် ၄ ဒသမ ၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး တည် ဆောက်ရေး(၃)၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မကွေးမြို့မှ ၁၉၉၉-၂ဝဝဝ ခုနှစ်တွင် တာဝန်ယူ၍ စတင်တည်ဆောက်ခဲ့ရာ ၂ဝဝဝ-၂ဝဝ၁ ခုနှစ်တွင် တည် ဆောက်ပြီးစီးခဲ့ကြောင်း၊ တောင်တွင်း ကြီးမြို့နယ်အတွင်းရှိ လယ်မြေဧရိယာ ဧက ၁ဝ၈ဝဝ ကို ဆည်ရေပေးဝေ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရန်ပယ်ချောင်းပေါ်တွင် အလျားပေ ၉၁ဝဝ၊ အမြင့် ၇၈ ပေနှင့် ကန် ရေပြည့်ရေလှောင်ပမာဏ ဧကပေ ၃၅၁၄ဝ သိုလှောင်နိုင်သည့် မြေသား ရေလှောင်တမံတစ်ခု တည်ဆောက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တည်ဆောက်ပြီးစီးသည့်နှစ်မှစ၍ မိုးရွာသွန်းမှုအခြေအနေနှင့် ရေဝင် ရောက်မှုအရ ၂ဝဝ၁ ခုနှစ်တွင် ကန်ရေပြည့်ထိ ရေသိုလှောင်နိုင်ခဲ့ပြီး မြောင်းဆုံးမြောင်းဖျားအထိ အောင် မြင်စွာ ရေပေးဝေနိုင်ခဲ့ကြောင်း၊ ရန်ပယ်ရေလှောင်တမံသည် တောင် တွင်းကြီးမြို့တွင် တည်ရှိသော်လည်း ၎င်း၏ ရေဝပ်ဧရိယာမှာ ဆင်ပေါင်ဝဲ မြို့နယ်အတွင်း တည်ရှိသော ရေ လှောင်တမံဖြစ်သည်။
ရန်ပယ် ရေလှောင်တမံကြီးမှ နှစ်စဉ်ပျမ်းမျှ မိုးစပါးဧက ၁ဝ၈ဝဝ အတွက်စိုက်ပျိုးရေ၊ အောင်ရေပေး ဝေနိုင်ခဲ့ပြီး နွေစပါးအတွက် ကန်တွင်း ရေလက်ကျန်ပေါ်မူတည်၍ နှစ်စဉ် ပျမ်းမျှဧက ၁၅ဝဝ အတွက် ဆည်ရေ ပေးဝေစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂ဝ၁၇ ရေဝင်ရောက်မှုအရ မိုးစပါးရေပေး ဝေပြီး ရေလက်ကျန် ပမာဏအရ နွေစပါးဧက ၁၆ဝဝ လျာထားခဲ့သော် လည်း ၁၉၅၃ ဧကထိ တိုးချဲ့စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။
နိုင်လင်းကြည်

No comments:

Post a Comment