Monday, April 30, 2018

၂ဝ၁၈ ခုနှစ် အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်

Image may contain: 4 people, people smiling, people standing and people playing musical instruments
ရန်ကုန် ဧပြီ ၂၉
၂ဝ၁၈ ခုနှစ် အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဧပြီ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် အင်းလျားကန်ရှိ ရန်ကုန်ရွက်လှေ အသင်းမြက်ခင်းပြင်၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အဖွဲ့ဝင် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစား နှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက (Laser Radial Class) ပြိုင်ပွဲတွင် ပထမဆုရ သန့်စင်ထက်၊ ဒုတိယဆုရ နန္ဒထူးနှင့် တတိယဆုရ စန္ဒီထင် ကျော်သန်းတို့အား ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တပ်မတော်(ရေ)ရေတပ်လေ့ကျင့်ရေး ဌာနချုပ်မှူး ဗိုလ်ချုပ်ဌေးနိုင်က (Sharpie B Class)ပြိုင်ပွဲတွင် ပထမဆုရ မင်းသီဟအောင် (Helm)နှင့် ဝေဖြိုးဇော်(Crew)၊ ဒုတိယဆုရ မင်းသော်ကောင်း (Helm)နှင့် ခွန်အောင်သိန်းဦး (Crew)၊ တတိယ ဆုရ လင်းဝေယံပြည့်(Helm)နှင့် သန့်စင်ထက် (Crew)တို့အား ဆုများ ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ရန်ကုန်ရွက်လှေအသင်း ဥက္ကဋ္ဌ ဦးမျိုးတင်က (Sharpie A Class)ပြိုင်ပွဲတွင် ပထမဆုရ ဦးစည်သူမိုးမြင့် (Helm)နှင့် မင်းသီဟအောင် (Crew)၊ ဒုတိယဆုရ ဦးအောင်မြင်သူ (Helm)နှင့် ဦးဇော်ဝမ်း(Crew)၊ တတိယဆုရ ဦးလှစိုး (Helm)နှင့် ဦးရန်အောင်ကျော် (Crew)တို့အား ဆုများ ပေးအပ်ချီးမြှင့်ပြီးနောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဝင် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်က (Rater Class) ပြိုင်ပွဲ တွင် ပထမဆုရ ဦးအောင်မြင်သူ (Helm)နှင့် ဦးတင်လှ(Crew)၊ ဒုတိယ ဆုရ ဦးမင်းမင်း(ံHelm)နှင့် ထွန်းထွန်းကျော်(Crew)၊ တတိယ ဆုရ ဦးမျိုးတင်(Helm)နှင့် ဦးဇော်ဝမ်း (Crew)တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment