Saturday, March 3, 2018

ရုံးပိတ်ရက်အတွင်း ပုဂံမြို့သို့ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိ

Image may contain: 2 people
မန္တလေး မတ် ၂
အစိုးရဌာနဆိုင်ရာရုံးများ ရုံးလေးရက် ပိတ်သည်နှင့် တိုက်ဆိုင်နေသည့် အတွက် အလည်အပတ် သွားရောက် ရန် အဆင်ပြေလျက်ရှိပြီး ထိုသို့ ဘုရားဖူးလည်ပတ်ရာတွင် စိတ်ဝင် တစားလည်ပတ်စရာ နေရာတစ်ခု ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေး မှု နယ်မြေဒေသရှိ သမိုင်းဝင်တန်ခိုး ကြီးဘုရားများနှင့် ဘုရား စေတီပုထိုး များတွင် ယနေ့နံနက်ပိုင်းက ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် များ၊ အစိုးရရုံးဝန်ထမ်းများ ဘုရားဖူး လာရောက်ကြသဖြင့် အထူးစည်ကား လျက်ရှိသည်ကို တွေ့မြင်ခဲ့ရ သည်။
ထိုသို့ ပုဂံညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားများသို့ ဘုရားဖူး လာရောက်ရာတွင် ပြည်ပခရီးသွား နိုင်ငံခြားသားဧည့်သည်များက ဘုရား စုံသွားလာလည်ပတ်ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းနှင့် ညနေဆည်းဆာ နေဝင်ချိန်(Sunset) အလှ ကြည့်ရှုခြင်းများကို ကြည်နူး နှစ်သက်ကြလေ့ရှိကြောင်း ရွှေစည်းခုံ ဘုရားအနီး အမှတ်တရလက်ဆောင် ပစ္စည်းများရောင်းချသည့် ဈေးသည် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ထို့အပြင် ရုံးပိတ်ရက်အတွင်း ပုဂံ- ညောင်ဦးသို့ ဘုရားဖူးလာရောက်သည့် အမျိုးသမီးတစ်ဦးကလည်း ''အန်တီ တို့က ရန်ကုန်က လာကြတာပါ၊ ဝန်ထမ်းတွေဆိုတော့ အခုလို ရုံးပိတ် ရက်လေးတွေ ရှိတဲ့အချိန်မှပဲ မိသားစု တွေ၊ ဆွေမျိုးတွေနဲ့ စုံစုံလင်လင် သွားလာ လည်ပတ်လို့ရတာပါ၊ ပုဂံ ညောင်ဦးကို အရင်ကလည်း ရောက် ဖူးပါတယ်၊ ဒါပေမယ့် အလုပ်ကိစ္စနဲ့ လာခဲ့ရတာဖြစ်လို့ ဒီမှာရှိတဲ့ ဘုရားစုံ ကို မဖူးရပါဘူး၊ ဒီတစ်ခေါက်တော့ ရုံးရက်ရှည်ပိတ်တာဖြစ်လို့ ပုဂံညောင် ဦးက ဘုရားစုံကို အားရပါးရဖူးမြော် သွားရမှာမို့ စိတ်ထဲမှာ အလွန် ပျော်မိပါတယ်၊ ဒီမှာရှိတဲ့ ဘုရားတွေ ဆုံအောင်ဖူးပြီးရင်တော့ မကွေးမြို့ က မြသလွန်စေတီ၊ နှီးဘုရား၊ မင်းဘူးမြို့က ရှင်ပင်စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်တို့ကို သွားရောက် ဖူးမြော်မယ်၊ အဲဒါပြီးရင် မန်းရွှေစက် တော်ဘုရားကိုသွားပြီး မန်းချောင်းရေ အေးအေးလေးချိုးပြီးတော့ ဘုရားဖူး ကြမယ်လို့ စီစဉ်ထားပါတယ်၊ ရုံးဝန် ထမ်းတွေဖြစ်တာကြောင့် အလုပ်တွေ နဲ့ စိတ်ဖိစီးမှုတွေ များပါတယ်၊ အခု လို ရုံးရက်ရှည်ပိတ်တဲ့ အချိန်လေး တွေ ကြုံတဲ့အခါမှပဲ စိတ်အပန်းဖြေ သွားလာခွင့်ရတာကို မိသားစုနဲ့ စုံစုံ လင်လင် သွားလာလည်ပတ်ရတာ အင်မတန်ပျော်ပါတယ်''ဟု ရန်ကုန် မြို့မှ စည်ပင်ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ယဉ်ယဉ်အေးက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment