Thursday, February 1, 2018

ကျေးလက်နေတောင်သူများ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပညာပေးဆွေးနွေး

Image may contain: one or more people
အုတ်တွင်း ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်နေ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း များအောင်မြင်ဖြစ်ထွန်း၍ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန် ပဲခူးတိုင်း ဒေသကြီး အုတ်တွင်းမြို့နယ် ကျေးလက်ဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူ များနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးအသိ ပညာများဆွေးနွေးခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ဇန်နဝါရီ ၂၅ ရက်မှ ၃ဝ ရက်အထိ ပေါက်တောကျေးရွာ၊ ကျွဲပွဲမြို့နှင့် ဥယျာဉ်တော်ကျေးရွာ လူထုအခြေပြု လေ့လာမှုစခန်း အသီးသီး၌ ကျင်းပခဲ့ကြောင်း သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် မျှော်မှန်းချက်၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန် များ၊ ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းက လည်းကောင်း၊ တောင်သူများ၏ စပါး၊ ပဲအမျိုးမျိုးနှင့် အခြားသော စိုက်ပျိုးသီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ခြင်း၊ မြေအမျိုးအစားအလိုက် ဈေးကွက်ဝင် သီးနှံများရွေးချယ်ခြင်း၊ ကြုံတွေ့ရလေ့ ရှိသော တောင်သူများ၏ အခက် အခဲများနှင့်ပတ်သက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူ များက ပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တောင်သူ များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment