Thursday, February 1, 2018

ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ လာရောက်လေ့လာ

Image may contain: 2 people
နေပြည်တော် ဇန်နဝါရီ ၃၁
ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနသို့ လာရောက်၍ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင် ရွက်နေမှုများကို လာရောက်လေ့လာကြသည်။
လေ့လာရေးခရီးစဉ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ရှိအစိုးရ စတင်ဖွဲ့စည်းချိန်မှစ၍ အဓိက ထားဆောင်ရွက်ခဲ့သည့် ရည်မှန်းချက်(၃)ရပ်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ပင်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အားလုံး၏သဘောတူညီချက်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး NCA လက်မှတ် ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နေ မှုနှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က လေ့လာရေးခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့ဝင်များအား အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက် ဗီဒီယို မှတ်တမ်းကို ပြသသည်။
ထို့နောက် လေ့လာရေးအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment