Thursday, February 1, 2018

ငြိမ်းချမ်းရေးဖြစ်စဉ်ကိုသိမှ ကိုယ်လုပ်ချင်တဲ့၊ ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်ကို မြင်ပြီးတော့ ကိုယ်လျှောက်နေတဲ့ခရီးကိုလည်း ပြတ်ပြတ်သားသားသိမှာဖြစ်ပါတယ်

Image may contain: 1 person, closeup
ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခေါင်းဆောင်သည့် ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနသို့ လာရောက်၍ ငြိမ်းချမ်းရေးအကောင်အထည်ဖော် ဆောင်ရွက်နေမှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လာရောက်လေ့လာခဲ့ကြသည်။ ထိုသို့လာရောက်လေ့လာခဲ့ကြသူများအနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် လေ့လာရေး အဖွဲ့ဝင်များ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ¤င်းတို့၏အမြင်များကို မေးမြန်းဖော်ပြလိုက်ပါသည်။
ဦးမျိုးဇော်အောင်
ကောလင်းမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ဆောင်ရွက်နေပါတယ်။ လက်ရှိဖြစ်စဉ်တွေမှာ ပြဿနာအချို့ရှိနေတယ် ဆိုတာ ကြားရတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ရှေ့ကိုရောက်လာတာတွေလည်း ရှိပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အားစိုက်ပြီး ကျော်လွှားနေတယ်ဆိုတာ မြင်ရ တယ်။ ကျွန်တော့်ဆန္ဒကတော့ တိုင်းပြည် ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းရေးရမှပဲ တိုးတက် ရာတိုးတက်ကြောင်း အများကြီးပိုလုပ်နိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရအောင် သူများကို တိုက်တိုက်တွန်းတွန်း ပြောသလို ကိုယ်တိုင် လည်း ထဲထဲဝင်ဝင်ပါနိုင်အောင် ကြိုးစားနေပါ တယ်။ ဒီလေ့လာရေးခရီးစဉ်မှာ ပါတဲ့သူတွေ ဟာ ကျေးရွာအသီးသီးက ပြည်သူတွေကြားထဲ ငြိမ်းချမ်းရေးအသိစိတ်တွေ ရောက်အောင် မျှဝေနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ အဓိက ကျွန်တော်တို့ အတ္တတွေကင်းဖို့လိုသလို အားလုံးငြိမ်းချမ်းရေးကို လိုလားဖို့လိုပါတယ်။
ဦးတင်ဆန်း
ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ လူငယ်ဖော်ဆောင်ရေးအဖွဲ့ဝင်
ကျွန်တော်တို့က လူငယ်တွေကို ငြိမ်းချမ်း ရေးဖြစ်စဉ်တွေ သိစေချင်တဲ့အတွက် ဒီကို ရောက်လာခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ လူသားလောက တစ်ခုလုံးအတွက် အင်မတန် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးကို လူတိုင်း လိုချင်ပါတယ်။ ငြိမ်းချမ်းရေးဟာ လူသား တစ်ရပ်လုံးအတွက် မဖြစ်မနေလိုအပ်ချက် ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အားလုံး သိရှိခံစားကြဖို့၊ ကျွန်တော်တို့ မြို့နယ်ပြည်သူ တွေ ငြိမ်းချမ်းရေး အသိစိတ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထဲထဲဝင်ဝင်သိရှိနိုင်ဖို့ ဒီကိုလာပြီး တော့ နားထောင်တယ်၊ ပြီးတော့ ထပ်ဆင့် ဖြန့်ဝေမှာ ဖြစ်ပါတယ်။ ဒီနေ့လေ့လာရေးခရီး စဉ်မှာ စုစုပေါင်း ၉၆ ဦး ပါဝင်ပါတယ်။ ဒီလူ အင်အားဟာ ကောလင်းမြို့နယ်ရဲ့ နေရာ စုံကဖြစ်လို့ တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ ထဲထဲဝင်ဝင် သိရှိအောင် မျှဝေဆောင်ရွက် သွားမှာဖြစ်ပါတယ်။
မဇင်မာသိမ့်
ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တာဝန်ခံ
ကျွန်မတို့ အခုငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး လေ့လာတဲ့အခါမှာ မသိသေး တာတွေကို သိခဲ့ရတယ်။ လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမှန်တကယ် သိသင့် ပါတယ်။ သိမှလည်း ကိုယ်လုပ်ချင်တဲ့၊ ကိုယ်ဖြစ် ချင်တဲ့ပန်းတိုင်ကို မြင်ပြီးတော့ ကိုယ်လျှောက် နေတဲ့ခရီးကိုလည်း ပြတ်ပြတ်သားသားသိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးဖြစ်စဉ် ဟာ အားလုံးသိသင့်သိထိုက်တယ်လို့ ယုံကြည် ပါတယ်။
သတင်းအဖွဲ့

No comments:

Post a Comment