Monday, January 1, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂ဝ၁၈ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

Image may contain: 1 person, flower and outdoor
ချစ်ခင်လေးစားရပါသော တိုင်းရင်းသားပြည်သူလူထုများခင်ဗျာ။ ၂ဝ၁၈ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအားလုံးကို ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်း ဆက်သလိုက်ရပါတယ်။
ယခုဆိုရင် ၂ဝ၁၇ ခုနှစ် ကုန်ဆုံးခဲ့ပြီဖြစ်လို့ ဒီတစ်နှစ်တာအတွင်းမှာ ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ကိစ္စရပ်များစွာရှိပါတယ်။ အောင်မြင်တဲ့လုပ်ငန်းရပ်တွေ ရှိသလို ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ လုပ်ငန်းရပ်တွေလည်း ရှိပါတယ်။ ဒါတွေကို သင်ခန်းစာ ရယူပြီးတော့ ဒီထက်ပိုပြီးကောင်းအောင် လုပ်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့ တိုးတက်အောင်မြင်မှုတွေ မလွဲမသွေရမှာပဲ ဖြစ်ပါတယ်။
လာမယ့်ဇန်နဝါရီလ ၄ ရက်နေ့ဆိုရင် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇ဝ ရှိခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့သမိုင်းတစ်လျှောက် ပြန်ကြည့်မယ်ဆိုရင် ပထမအချက်အနေနဲ့ နိုင်ငံတော်အေးချမ်းသာယာရေး၊ ဒုတိယ အချက်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တတိယအချက်အနေနဲ့ နိုင်ငံတော် စည်းလုံးညီညွတ်ရေးသုံးချက်ဟာ ကျွန်တော်တို့ ပြည်သူပြည်သားအားလုံး စုစည်း ညီညွတ်စွာနဲ့ ဆောင်ရွက်ဖို့ လိုအပ်တဲ့လုပ်ငန်းရပ်ဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်၊ လူတိုင်းဟာ သူတို့ရဲ့လူမှုစီးပွားဘဝတိုးတက်ဖို့အတွက် လိုလားချက်ရှိကြပါတယ်။ ဒါကို ကျွန်တော်တို့ တပ်မတော်အနေနဲ့ ဒီလုပ်ငန်းရပ်တွေအားလုံး အောင်မြင်အောင် ကူညီ ဆောင်ရွက်သွားမယ်ဆိုတာ ကျွန်တော် အပြည့်အဝဆန္ဒပြု ပြောကြားလိုပါတယ်။
မိဘပြည်သူများအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ ကြောင်း ထပ်မံဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။

No comments:

Post a Comment