Monday, January 1, 2018

စာပေညီလာခံ (၂ဝ၁၇) ကျင်းပရာတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Image may contain: 2 people, indoor
ရန်ကုန် ဒီဇင်ဘာ ၃၁
စာပေညီလာခံ (၂ဝ၁၇) အောင်မြင် ခမ်းနားစွာ ကျင်းပခဲ့ရာတွင် စွမ်းစွမ်း တမံ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ညီလာခံ ကျင်းပရေးကော်မတီက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးဦးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ညီလာခံကျင်းပရာတွင် လှုံ့ဆော်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သူ အနုပညာဒါရိုတ်တာ ဦးမြင့်မောင်ကျော် က အမှတ်တရစကားပြောကြား သည်။
ထို့နောက် ညီလာခံကျင်းပရာတွင် ပါဝင်ဆာင်ရွက်ခဲ့ကြသည့် စာပေအဖွဲ့ အစည်း ၁၁ ဖွဲ့အား ကိုယ်စားပြုသည့် အလံများကို နောင်မျိုးဆက်သစ် စာပေအနုပညာရှင်များသို့ လက်ဆင့် ကမ်းနိုင်ရန်အတွက် အနုပညာ ဒါရိုတ်တာ ဦးမြင့်မောင်ကျော်က ညီလာခံကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဆရာမျိုးမြင့်ညိမ်းထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ညီလာခံတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် စာပေအဖွဲ့ အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားပြု လူငယ် များက ညီလာခံနှင့် ပတ်သက်၍ အတွေ့အကြုံများကို ပြောကြားသည်။
ဆက်လက်၍ စာပေညီလာခံ (၂ဝ၁၇)အောင်မြင်ခမ်းနားစွာ ကျင်းပ ခဲ့ရာတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက် ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားသို့ စာပေညီလာခံ ကျင်းပရေးကော်မတီဝင်များ၊ ညီလာခံ ကျင်းပရာတွင် ပါဝင်ခဲ့ကြသူများ၊ စာပေအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဆိုပါ စာပေညီလာခံကို ဒီဇင်ဘာ ၁၃ ရက်မှစ၍ ဒီဇင်ဘာ ၁၆ ရက် အထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် မင်းဓမ္မလမ်းရှိMyanmar Convention Center (MCC)ခန်းမ၌ အောင်မြင်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment