Monday, September 25, 2017

စာပေဗိမာန် နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် သုတပဒေသာဆောင်းပါးပေါင်းချုပ် အထူးထုတ်ထွက်ပြီ




 နေပြည်တော် စက်တင်ဘာ ၂၄



၂ဝ၁၇ ခုနှစ် သြဂုတ် ၂၆ ရက်တွင်ကျရောက်သော စာပေဗိမာန် နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ၂ဝ၁၄ ခုနှစ် မေလမှ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအထိ လစဉ်ထုတ် သုတပဒေသာစာစောင်များမှ မျက်နှာဖုံးဆောင်းပါး အပုဒ် ၃ဝ ကို စုစည်း၍ ''သုတ ပဒေသာဆောင်းပါးပေါင်းချုပ် အထူးထုတ်'' စာအုပ်ကို စာပေဗိမာန်က ဖြန့်ချိထားပြီ ဖြစ်သည်။
က္ဘာ့နိုင်ငံအသီးသီး၏ တိုးတက်ခေတ်မီသော အတွေးအမြင်၊ အတွေ့အကြုံများ၊ ပညာရပ်ဆိုင်ရာဗဟုသုတများနှင့် မြန်မာပြည်သူပြည်သားများ သိသင့်သိထိုက်သည့် ကောင်းနိုးရာရာအကြောင်းအရာများကို ဘာသာပြန်ဆိုရေးသားထားသော စာရေး ဆရာကြီး ၃ဝ တို့၏ ဆောင်းပါးများကို ရောင်စုံ၊ အဖြူအမည်း သရုပ်ဖော်ပုံ ဝေဝေ ဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၁ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ်(တ-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း ဝ၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မ္တလေး ဖုန်း ဝ၂-၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် လည်းကောင်း။
မ္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံမှ လည်းကောင်း ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ်(၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ဝ၁-၂၄၉ဝ၃၁၊ ၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment