Sunday, September 24, 2017

ယီမင်နိုင်ငံ၌ခံစားနေရသော ငတ်မွတ်မှုဘေးအတွက် ဂျပန်နိုင်ငံက ကူညီမှုများပြုလုပ်မည်

တိုကျို   စက်တင်ဘာ   ၂၃
ဂျပန်နိုင်ငံသည်    ယီမင်နိုင်ငံအပါအဝင် အခြားငတ်မွတ်မှု ခံစားနေရသော နိုင်ငံ သုံးနိုင်ငံကို ဒေါ်လာ ၁၁ သန်းထောက်ပံ့ မှုများပြုလုပ်သွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
ယီမင်နိုင်ငံ၏  လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေနှင့် ပတ်သက်၍ဆွေးနွေးရာတွင် ယခုကဲ့သို့ ကူညီမှုများပြုလုပ်မည်ဟု   ကတိပေးခဲ့ ခြင်းဖြစ်သည်။ နှစ်နှစ်ကျော်ကြာယီမင် နိုင်ငံ၌ ဖြစ်ပွားခဲ့သည့်အစိုးရတပ်ဖွဲ့များ နှင့် အတိုက်ခံတပ်ဖွဲ့များကြား ပဋိပက္ခ များကြောင့်  ယီမင်နိုင်ငံ၏  အခြေအနေ မှာပို၍ ပို၍ဆိုးရွားလျက်ရှိသည်။
ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ  အရေအတွက်မှာလည်း            များပြားလာခဲ့သည်။   ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ဂျပန်နိုင်ငံသည် အရှေ့အလယ် ပိုင်းပြဿနာများတွင် ဝင်ရောက်ဖြေရှင်း ပေးလျက်ရှိကြောင်း၊      ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုလည်း  ပြန်လည်စတင် နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောခဲ့သည်။
တခြားနိုင်ငံများအနေဖြင့်လည်း ယီမင်နိုင်ငံအတွင်း၌ ပဋိပက္ခများချုပ်ငြိမ်း စေရေးအတွက် ယီမင်အစိုးရနှင့် အတိုက် အခံအုပ်စုကို  ဆွေးနွေးပွဲများ ပြုလုပ်နိုင် ရေး တိုက်တွန်းအားပေးသွားရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment