Friday, September 1, 2017

လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က မန်ယူရဲ့ အတွင်းရေးကို ဖွင့်ချခဲ့တဲ့ မန်ယူအသင်းဥက္ကဋ္ဌဟောင်း မာတင်အက်ဒဝပ်

Image may contain: 2 people, people smiling, people standing and suit
မန်ယူအသင်းဥက္ကဋ္ဌဟောင်း မာတင်အက်ဒဝပ်က လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က မန်ယူအသင်း အတွင်းစည်းအတွင်းဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေထဲကမှ သူ့ အတွက် မှတ်မှတ်ထင်ထင်ရှိတဲ့ အကြောင်းအရာများကို သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ ''Red Glory'' မှာ ထည့်ုသွင်းဖော်ပြခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ အဲရစ်ကန်တိုနာနဲ့ စာချုပ်ကိစ္စဆွေးနွေးမှု၊ ဇီဒန်းကို မခေါ် ယူခဲ့တဲ့ ဖာဂူဆန်ရဲ့ ဆုံးဖြတ်ချက်၊ ဗီရွန်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ လစာနှုန်းထားပေးချေဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းတွေကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပါတယ်။
သူက မန်ယူအသင်းဟာ အဲဒီအချိန်တုန်းက လည်ပတ်တဲ့ ပုံစံအရ အဓိကကစားသမားအချို့ကို ထုတ်ရောင်းခဲ့ရပြီး ဝေဖန်မှုတွေ များစွာခံခဲ့ရတယ် ဆိုတာကို ပြန်ပြောင်းဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မာတင်အက်ဒဝပ်ရုံးခန်းထဲ ကန်တိုနာ ရောက်လာတဲ့အချိန်မှာ အက်ဒဝပ်က ''ဒီကနေ နောက်သုံးနှစ်ဆိုရင် ပါ့အဲရစ်(ကန်တိုနာ)ရေ ခင်ဗျားပရီမီယာလိဂ်ဖလား ဘယ်နှလုံး ကိုင်မြှောက် နိုင်မယ်လို့ထင်လဲလို့ ကျွန်တော်က မေးမြန်းရာမှာ သူက သုံးလုံးပေါ့လို့ ယုံကြည်မှုရှိရှိနဲ့ ပြန်ဖြေခဲ့ပါတယ်'' လို့ ကန်တိုနာရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့အကြောင်းကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အက်ဒဝပ်က ဖာဂူဆန်အနေနဲ့ အဲဒီခေတ်က အကောင်းဆုံး ကစားသမားဖြစ်တဲ့ ဇီဒန်းကို မန်ယူအသင်းဆီ ဘာလို့ခေါ်ယူဖို့ မကြိုးစားခဲ့ သလဲဆိုတာကို သူ့အနေနဲ့ နားလည်ကြောင်း ဖော်ပြခဲ့ပြီး ''ဖာဂီက အဲဒီအချိန် တုန်းက ကန်တိုနာ အနားယူမယ်ဆိုတာမသိခဲ့သလို အခြားကွင်းလယ်ကစား သမားတွေအများကြီးရှိနေတာကြောင့် ဇီဒန်းကို ခေါ်ယူဖို့ မကြိုးစားခဲ့တာလို့ နားလည်ရပါတယ်''လို့ ရေးသားခဲ့ပေမယ့် ''၂ဝဝ၁ ခုနှစ် ဗီရွန်ကို ခေါ်ယူခဲ့တဲ့ ကိစ္စရပ်ကို အတော်စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့မှာ နစ်ကီဘတ်ရှိနေလျက်နဲ့ ဗီရွန်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်း၊ လစာတစ်နှစ် ပေါင် ငါးသန်းလောက်ပေးချေခေါ်ယူခဲ့တာဖြစ်ပါတယ်''လို့ ဖာဂူဆန်ရဲ့ ဗီရွန်ကို ခေါ်ယူခဲ့တဲ့ကိစ္စရပ်အပေါ် ဝေဖန်ရေးသားသွားခဲ့တာဖြစ်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment