Monday, September 25, 2017

သံမဏိစက်ရုံမှ တံတားသံပေါင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စတင်ပေးပို့သည့်အခမ်းအနားကျင်းပ





 နေပြည်တော် စက်တင်ဘာ ၂၄



 ဆောက်လုပ်ရေးဝန်ကြီးဌာန ဂျပန်နိုင်ငံ JFE Engineering Corporation J&M Steel Solution Co.,Ltd.က ဖက်စပ်ဆောင်ရွက်သည့် သံမဏိစက်ရုံမှSteel Truss နှင့် Plate Girder များ၊ ဂျပန်နိုင်ငံ ODA အစီအစဉ်ဖြင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် တည်ဆောက်လျက်ရှိသည့် 'The Kanchpur, Meghna and Gumti 2nd Bridges and Construction and Existing Bridges Reha-bilitation Project'' အတွက် စတင်ပေးပို့သည့်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် မြို့ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်း အမှတ် (၂၃၇) J&M Steel Solution Co.,Ltd စက်ရုံဝင်းအတွင်း၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက် အမှာစကားပြောကြားသည်။
ဖြည့်ဆည်းပေးလျက်ရှိ
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က J&M Steel Solution Co.,Ltd က အဓိကအား ဖြင့် လမ်း၊ တံတားတည်ဆောက်ရေးတွင် လိုအပ်သော Steel Plate, Steel Truss နှင့်Girders များ ထုတ်လုပ်ပေးခြင်းဖြင့် တိုင်းပြည်တွင် ဆက်သွယ်သွား လာရေးအတွက် ဖြည့်ဆည်းပေးလျက်ရှိသည့်အပြင် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးစေ ရန် ကူညီဆောင်ရွက်လျက်ရှိကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သံလွင်တံတား (ဖာဆိုင်း)၊ ဧရာဝတီ တံတား(ထီးချိုင့်)၊ ကုက္ကိုလ်ဝတံတား၊ ချင်းတွင်းတံတား(ကလေးဝ)၊ ဗိုလ်ချုပ်အောင် ဆန်းတံတား (ဘီလူးကျွန်း)၊ ချင်းတွင်းတံတား(ဟုမ္မလင်း)(ခန္တီး)ကဲ့သို့သော တံတား ကြီးများ၊ တံတားလတ်များ တည်ဆောက်ရာတွင် J&M Steel Solution Co., Ltd က ထုတ်လုပ်သည့ှ်Steel Trussနှင့် Plate Girders များ အသုံးပြုခဲ့ကြောင်း၊J&M Steel Solution သည် တန် ၁ဝဝဝဝ ထုတ်လုပ်နိုင်ခဲ့ပြီး ယခုဆိုလျှင် တန်ချိန် ၂ဝဝဝဝ အထိ ပုံမှန်ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း၊J&M Steel Solution ၏ ကြိုးပမ်းလုပ်ဆောင်မှုများကြောင့် ၂ဝ၁၇ ခုနှစ် မတ်လတွင်ISO -9001-2015 ရရှိခဲ့ခြင်းဖြစ်ကြောင်း။
ပို့ဆောင်နိုင်ခဲ့
J&M Steel Solution Co.,Ltd အနေဖြင့် လာအိုနိုင်ငံသို့ Temporary Girder တန်၂၅ဝ နှင့် Steel Box Girder ၁၄၅ဝ တန်အား နိုင်ငံခြားတိုင်းပြည် များသို့ပို့ဆောင်နိုင်ခဲ့ကြောင်း၊ သီရိလင်္ကာသိှု့Steel Box Girder၂၇၂ တန်နှင့် ယနေ့ ဘင်္ဂလားဒေ့ရှ်သို့တင်ပို့မည့် တန် ၅ဝဝဝ နှင့် တခြားပြည်ပနိုင်ငံများသို့ တန် ၁၈ဝဝ ဖြင့် စုစုပေါင်း တန် ၆၈ဝဝအားJICA ၏ ODA ချေးငွေစီမံကိန်းဖြင့် ယခုနှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ သီရိလင်္ကာသို့ တန် ၃ဝဝဝမှ တန် ၅ဝဝဝ အထိ တင်ပို့ရန် အစီအစဉ်ရှိကြောင်း၊ သီလဝါစီးပွားရေးအထူးဖွံ့ဖြိုးမှုဇုန်တွင် ဆိပ်ခံတံတား တည်ဆောက်ရန်နှင့် အနာဂတ်တွင် ဂျပန်နိုင်ငံသို့ စတီးထုတ်ကုန်များ ပြန်လည်ပို့ဆောင် နိုင်ရန် ဖြစ်ကြောင်း။
ယခုအခါတွင်ဲJ&M Steel Solution Co.,Ltd သည် Cable Stayed နှင့်Suspension -Bridge များအတွက် အစိတ်အပိုင်းများ ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးံH.E.Mr. Tateshi Higuchi က အမှာစကားပြောကြားသည်။
အခမ်းအနားတွင် Myanmar Bureau Veritas Co.,Ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းထွဋ်က J&M Steel Solution Co.,Ltd အာှးှု ISO-9001; 2015 Quality Management System Ceritficate ပေးအပ်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လက်ခံရယူသည်။
ဖွင့်လှစ်ပေး
ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တည်ဆောက်လျက်ရှိသည့် '' The Kanchpur , Meghna and Gumti 2nd Bridges and Construction and Existing Bridges Rehabilitation Project '' အတွက် တံတားသံပေါင် များပေးပို့သည့်အခမ်းအနားကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi Higuchi၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးမှ Commercial Councellor Mr. Hasan Khaled Foisal, J&M Steel Solution Co.,Ltd, JFE Engineering Corporation နှင့် JICA Myanmar Office တို့မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သံအမတ် ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် စက်ရုံအတွင်း တံတားသံပေါင်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တံတားသံပေါင်များ စတင် သယ်ပို့နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံJFE Engineering Corporation, J&M Steel Solution Co.,Ltd တို့ ပူးပေါင်းပြီး ပြည်တွင်း၌ အရည်အသွေးစံချိန် စံòန်းပြည့်မီသော Steel Truss နှင့် Plate Girders, Box Girder များကို ထုတ် လုပ်လျက်ရှိပြီး ပြည်ပနိုင်ငံများမှ မှာယူသော တံတားသံပေါင်များနှင့် ဆက်စပ်ပစ္စည်း များကိုလည်း စက်ရုံမှထုတ်လုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။(သတင်းစဉ်)

No comments:

Post a Comment