Friday, September 1, 2017

စပိန်ကျောနံပါတ်(၇)ပိုင်ရှင်အစစ်က ဒေးဗစ်ဗီလာဟု မိုရာတာ ပြောကြား

Image may contain: 1 person, playing a sport and outdoor
စပိန်လက်ရွေးစင်အသင်းနည်းပြ လိုပီတက်ဂွေက ဝါရင့်တိုက်စစ်မှူး ဒေးဗစ်ဗီလာကို အီတလီ၊ လက်ချင် စတိန်းတို့နဲ့ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲလူစာရင်းအတွက် ရွေးချယ်ခဲ့ပါတယ်။ စပိန်အသင်းကို ဗီလာပြန်လာခြင်းနဲ့အတူ လက်ရှိကျောနံပါတ်( ၇) ဝတ်ဆင်ခွင့်ရ မိုရာတာက မူလက ဒေးဗစ်ဗီလာ ဝတ်ဆင်ခဲ့တဲ့ ဒီကျောနံပါတ်(၇)ဂျာစီကို ဗီလာကိုသာ ပြန်လည်လွှဲပြောင်းဝတ်ဆင်ပေးဖို့ သဘောတူခဲ့ တယ်လို့သိရပါတယ်။ ဒေးဗစ်ဗီလာဟာ လက်ရှိမှာ အသက်(၃၅)နှစ်ကျော်နေပြီဖြစ်သလို မေဂျာလိဂ် ကလပ် နယူးယောက်စီးတီးအသင်းမှာ ကစားနေတာဖြစ်ပေမယ့် မေဂျာလိဂ်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေ ကြောင့် နည်းပြလိုပီတက်ဂွေက လက်ရွေးစင်အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
မိုရာတာက ဗီလာကို ကျောနံပါတ်(၇) ဂျာစီ ဝတ်ဆင်ခွင့်ပေးခဲ့ရတဲ့အတွက် ကျေနပ်ပျော်ရွှင်သလို ကျောနံပါတ်(၇)ကို ဗီလာသာ ပိုင်ဆိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်ဗီလာဟာ စပိန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး သွင်းဂိုး ၅၉ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပေမယ့် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက စပိန်အသင်းလူစာရင်းမှာ ရွေးချယ်မခံရတော့တာဖြစ်ပါတယ်။ မိုရာ တာဟာ စပိန်လက်ရွေးစင်အသင်းမှာ ကျောနံပါတ်(၇)ကို ဝတ်ဆင်လာတာ နှစ်နှစ်ကျော်ကာလ ရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် ဗီလာကို ပြန်လည်လက်လွှဲဝတ်ဆင်ခွင့်ပေးရမယ့်အတွက် ကျေနပ်ကြောင်း ဆိုခဲ့တာပါ။
မေလဲ့သင်း

No comments:

Post a Comment